ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ ပြည်သူချစ်အနုပညာရှင် သရုပ်ဆောင်မင်းသားချော ရဲတိုက်ကတော့ ပီပြင်ပိုင်နိုင်တဲ့သရုပ်ဆောင်စွမ်းရည်တွေကြောင့် ပရိသတ်တွေရဲ့ ချီးကျူးမှုတွေကို ရရှိထားသူပဲ ဖြစ်ပါတယ်နော်..။

မကြာသေးခင်ကမှာ စတင်ရုံတင်ပြသခဲ့တဲ့ “ဒဏ္ဍာရီမိုး” ရုပ်ရှင်ဇာတ်ကားမှာလည်း သရုပ်ဆောင်ပိုင်နိုင်မှုတွေက အသက်ပါလွန်းလို့ ပရိသတ်တွေအပြင် အနုပညာရှင်တွေကပါ ချီးကျူးထားကြတာလည်း တွေ့ရပါတယ်နော်..။


ပရိသတ်တွေရဲ့ အချစ်တွေကို လှိုက်လှိုက်လှဲလှဲနဲ့ အခိုင်အမာရရှိထားတဲ့ ရဲတိုက်ကတော့ “ဒဏ္ဍာရီမိုး” ရုပ်ရှင်ဇာတ်ကားကြီးမှာ အညို(ခ)လူညိုဆိုတဲ့ ဇာတ်ကောင်နာမည်လေးနဲ့ ပါဝင်သရုပ်ဆောင်ထားပြီး အမာခံပရိသတ်တစ်ဦးကလည်း သူ့ရဲ့ ကာရိုက်တာကို တတ်တူးထိုး ဂုဏ်ပြုလိုက်တာ တွေ့ရပါတယ်နော်..။

အညိုဆိုတဲ့ ကာရိုက်တာလေးကို အမာခံပရိသတ်တစ်ဦးက သေရာပါ တက်တူးထိုးပြီး ရဲတိုက်ရဲ့ အောင်မြင်မှုတွေအတွက်လည်း ဂုဏ်ပြုခံလိုက်တာပဲ ဖြစ်ပါတယ်နော်..။


ပရိသတ်ကြီးတို့ရဲ့ အချစ်ောတ် ရဲတိုက်ကတော့ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေပြီး “ဒဏ္ဍာရီမိုး” ဇာတ်ကားစတင်ရုံတင်ပြသတဲ့နေ့မှာပဲ ရုံရှေ့မှာ ပရိသတ်တွေကို သွားစောင့်ခဲ့တာလည်း ကြည်နူးစွာမြင်တွေ့ခဲ့ရပါတယ်နော်..။

ချစ်ရတဲ့ ပရိသတ်တွေအတွက် ရဲတိုက်ကတော့ အများကြီးကြိုးစားရဦးမယ်ဆိုပြီး ပြောခဲ့ပြီး နောက်ထပ်ဇာတ်ကားအသစ်တွေနဲ့ ပရိသတ်တွေရှေ့ ထပ်မံရောက်ရှိလာဦးမှာ စောင့်မျှော်အားပေးရင်း “ဒဏ္ဍာရီမိုး” ဇာတ်ကားကိုလည်း သွားရောက်အားပေးကြည့်ရှု့လိုက်ကြရအောင်နော်..။

Photo – Credit၊ ဒဏ္ဍာရီမိုး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။