နှုတ်ခမ်းနီမလေးတွေ သည်းသည်းလှုပ်အားပေးရသလို လူကြီးလူငယ်မရွေးကြိုက်နှစ်သက်ပြီး အမျိုးသားပရိသတ်တွေကိုပါအခိုင်အမာရရှိထားတဲ့ အကယ်ဒမီနေတိုးဟာဆိုရင် အနုပညာလောကမှာ လျှမ်းလျှမ်းတောက်အောင်မြင်ကျော်ကြားနေတဲ့ အနုပညာရှင်တစ်ဦးပါ။ရခိုင်တိုင်းရင်းသားလေးလည်းဖြစ်တဲ့ နေတိုးကတော့ အနေအေးပြီးရိုးသားပွင့်လင်းစွာနေတတ်သူတစ်ယောက်ဖြစ်ပါတယ်နော်။

နေတိုးရဲ့ အနုပညာလှုပ်ရှားမှုတွေဟာဆိုရင်လည်း ဘယ်တော့မှမထပ်ဘဲ ပရိသတ်ကြီးအတွက်လည်းအမြဲတမ်းဆန်းသစ်နေကာ ဘယ်တော့မှမရိုးသွားစေပါဘူးနော်။နေတိုးကတော့အနုပညာအသိုင်းအဝန်းမှာပါ ကောင်းသတင်းလေးတွေနဲ့လူချစ်လူခင်ပေါများသလို ပရိသတ်တွေကလည်း နေတိုးရဲ့တည်ကြည်မှုတွေနဲ့သဘောမနောက်ကောင်းပုံလေးတွေကို လေးစားပြီး တစ်ခဲနက်အားပေးချစ်ခင်နေရတာဖြစ်ပါတယ်။

နေတိုးကတော့ လက်တလောမှာလည်းရုပ်ရှင်ဇာတ်ကားကြီးတွေကိုရိုက်ကူးနေတာဖြစ်ပြီး အခုဆိုရင်လည်း စစ်ကားတစ်ကားရိုက်ဖို့အတွက် ကျရာဇာတ်ရုပ်နဲ့ပီပြင်လိုက်ဖက်အောင် ခန္ဓာကိုယ်ဖွံ့ဖြိုးမှုတိုးတတ်အောင်ကြိုးစားပမ်းစားနဲ့ Gymကစားနေတာဖြစ်ပြီး လက်မောင်းကဗလတွေလည်း အရင်ကထက်ပိုပြီးထွက်လာကာ ဗလတောင့်တောင့်နဲ့ပိုပြီးခန့်ညားလာတဲ့ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

Source:Nay Toe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။