ကဲ ပရိသတ်ကြီးရေ ယနေ့ ဧပြီလ ၂၂ ရက်နေ့ကတော့ ပရိသတ်အချစ်တော် မင်းသားချော အလင်းရောင် ရဲ့ မွေးနေ့ဖြစ်တယ်လို့ သိရပါတယ်။ အလင်းရောင်ဟာ မော်ဒယ်လ်ဘဝကနေ အနုပညာလမ်းကြောင်းကို စတင်လျှောက်လှမ်းခဲ့တာဖြစ်ပြီး ယခုချိန်မှာတော့ ဒါရိုက်တာဝိုင်းရဲ့ သင်ပြမှုအောက်မှာ ဝါရင့်စီနီယာတွေနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးတွေတောင် ရိုက်ကူးလို့နေပါပြီ။
လက်ရှိမှာတော့ အလင်းရောင်ဟာ ဒါရိုက်တာ ဝိုင်းရဲ့ စင်တင်မင်းသားတစ်လက်ဖြစ်နေပြီး ဖွေးဖွေး သဥ္ဇာဝင့်ကျော် အိချောပို ပိုင်ဖြိုးသု စတဲ့ နာမည်ကြီးမင်းသမီးတွေနဲ့အတူ ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးထားပြီး ၄င်းပါဝင်ထားတဲ့ "ရွှေကြာ" ဇာတ်ကားကတော့ ပရိသတ်တွေကြား မထွက်ခင်ကပင် ပေါက်နေပါပြီ။
လက်ရှိမှာတော့ အလင်းရောင်ဟာ မေမြို့သို့ ရောက်ရှိနေပြီး အနုပညာအလုပ်တွေကိုပဲ တစိုက်မတ်မတ် လုပ်ကိုင်နေတယ်လို့ သိရပါတယ်။ ကဲ ပရိသတ်ကြီးရေ အလင်းရောင်အတွက် မွေးနေ့ဆုတောင်းစကားလေး ပြောပေးခဲ့ကြအုန်းနော်…………
Source: Alinnyaung Light
Go Goe
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။