ရိုးသားပွင့်လင်းတဲ့ နော်ဖောအယ်ထားဟာဆိုရင် ကယန်းတိုင်းရင်းသူလေးတစ်ယောက်ဖြစ်ပြီး မော်ဒယ်လ်သရုပ်ဆောင် တစ်ယောက်ပဲဖြစ်ပါတယ်....။ ကိုးရီးယားမလေးတစ်ယောက်လိုချစ်ဖို့ကောင်းတဲ့ နော်ဖောအယ်ထားဟာဆိုရင် social media လောကမှာ အမျိုးသားပရိသတ်အများဆုံး လက်ခံရရှိထားတာပါနော်....။ ဖက်ရှင်အလန်းစားလေးတွေကိုလည်း ဝတ်ဆင်လေ့ရှိပြီး အမြင်မရိုင်းဘဲ ဆွဲဆောင်မှုရှိစွာ လှပနေတာဖြစ်ပါတယ်...။ ခေတ်လူငယ်ပီပီ လွတ်လပ်ပေါ့ပါးစွာ နေထိုင်တတ်သူဖြစ်တာမလို့ သူမကိုကြည့်လိုက်လျှင် အမြဲလွတ်လပ်ပေါ့ပါးနေတာလည်းဖြစ်ပါတယ်...။

သူမရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေ ဟာဆိုရင်တော့ photo shooting တွေလက်ခံရိုက်ကူးလေ့ရှိပြီး၊ ကြော်ငြာမဂ္ဂဇင်းတွေမှာလည်း သူမရဲ့အလှပုံရိပ်တွေကို မြင်တွေ့ကြရမှာပါ...။ ခရီးသွားဝါသနာပါသူဖြစ်ပြီး သူငယ်ချင်းတွေနဲ့အတူ အပန်းဖြေခရီးသွား ခဲ့တဲ့အမှတ်တရပုံရိပ်လေးတွေကိုလည်း အမြဲလိုလိုတင်ဆက်ပေးလေ့ရှိတာဖြစ်ပါတယ်...။ သူမရိုက်ကူးခဲ့တဲ့ အမိုက်စား tik tok ဗီဒီယိုဖိုင်တွေဟာဆိုရင်လည်း လူမှုကွန်ယက်ပေါ်မှာ ဝင်ရောက်ကြည့်ရှုသူအများအပြားရှိခဲ့တာပါ...။

နော်ဖောအယ်ထားက ခေတ်လူငယ်ပီပီ လူမှုကွန်ယက်စာမျက်နှာများဖြစ်ကြတဲ့ facebook၊ instagram တို့တွင် သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်...။ အခုတစ်ခါမှာဆိုရင်လည်း Instagram acc တွင် စွဲမက်ဖွယ် အလှပုံရိပ်လေးတွေကိုတင်ဆက်ပြသထားတာပါနော်...။ ပရိသတ်တွေ ကြည့်ရှုခံစားရအောင် အချိန်နဲ့ တပြေးညီ စဉ်ဆက်မပျက် သူမရဲ့ အလှဓာတ်ပုံတွေကို ဖော်ပြပေးနေတဲ့ နော်ဖောအယ်ထားကို Myanmarload နဲ့အတူ ဆက်လက်အားပေးသွားကြရအောင်....။

Source Naw Phaw EH Htar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။