ချစ်ပရိတ်သတ်ကြီးရေ... တစ်ချိန်ကအရမ်းကိုနာမည်ကြီးခဲ့တဲ့မင်းသမီးတစ်လက်ဖြစ်ပြီးတော့ အခုအချိန်ထိလည်းပရိတ်သတ်တွေအားပေးမှုကိုအခိုင်အမာရရှိထားတဲ့ မင်းသမီးခိုင်နှင်းဝေကို မသိတဲ့သူမရှိပါဘူးနော်။ သူမဟာ ခိုင်နှင်းဝေ ပရဟိတလူမှုကူညီရေးအသင်းကိုလည်း ဖွဲ့စည်းထားပြီးတော့ နိုင်ငံတော်အတွက်တစ်ထောင့်တစ်နေရာကနေတာဝန်သယ်ပိုးနေတဲ့ စံပြမင်းသမီးတစ်လက်ဆိုရင်လည်းမမှားပါဘူးနော်။

သူမဟာအခုဆိုရင် ပရဟိတအလှူတွေတင်မဟုတ်ဘဲ မိဘမဲ့ကလေးတွေကို သူမရဲ့ သွေးသားအရင်းလိုခေါ်ယူပြီးတော့ ခိုင်မိသားစုထဲကို ခိုလှုံခွင့်ပေးနိုင်အောင်ကြိုးစားနေပါတယ်နော်။ ကလေးတွေအတွက် သီးသန့်နေရာလေးတစ်နေရာစီစဉ်ပေးချင်ပေးမယ့်လည်း ရန်ပုံငွေက မလုံလောက်တဲ့အတွက် ဆရာတော်ဘုရားရဲ့အကူအညီနဲ့ စောင့်ရှောက်မှုတွေအောက်မှာကလေးတွေကို ထားထားရပါတယ်နော်။

သူမဟာ အခုအချိန်မှာဆိုရင် သူရဲ့ နှလုံးသားနဲ့ အရမ်းကိုချစ်ရတဲ့ မီးမီးလေး ရွှန်းရတီခိုင်ကို ပိုင်ဆိုင်ထားရပြီဖြစ်ပြီးတော့ သူမဘယ်သွားသွား သမီးလေးကို လက်ဆွဲသွားရတာကိုလည်း ကျေနပ်နေသူတစ်ယောက်ပါနော်။ အခုလည်း သမီးလေးနဲ့အတူ စိန်ရတနာကျောင်း ပရိယတ္တိစာသင်တိုက်ကျောင်းမှာ ရွှေရတနာစာသင်နှစ်ထပ်တိုက်ကျောင်းဆောင်ကြီးမှာ ဘုရားဆင်းတုတော်ကြီးတည်ထားကိုးကွယ်ဖို့အတွက် အလှူငွေ (၂)သိန်းကျပ်နဲ့ ဝါဆိုသင်္ကန်းတို့ကို မွန်မြတ်စွာပဲ လှူဒါန်းခဲ့ပါတယ်နော်။ကဲ... နတ်လူသာဓုခေါ်စေမယ့် အလှူလေးမို့ ချစ်ပရိတ်သတ်ကြီးလည်း ကြည်နူးသာဓုခေါ်လို့ရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Khine Hnin Wai

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။