ဖွေးစိန်လေးလို့ ပရိသတ်တွေအားလုံးက ချစ်စနိုးနဲ့ခေါ်ဝေါ်ရတဲ့ မင်းသမီးချောလေး ဖွေးဖွေးကိုတော့ မသိသူမရှိလောက်ဘူးလို့ ထင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးစာရင်းမှာ ပါဝင်ရပ်တည်နေတဲ့ ဖွေးဖွေးရဲ့ အောင်မြင်မှုတွေကလည်း တကယ့်ကို ကြီးမားလွန်းတာ ဖြစ်ပါတယ်။ ဖွေးစိန်လေးက ထိမိပြောင်မြောက်လွန်းတဲ့ ဇာတ်ရုပ်မျိုးစုံနဲ့ သရုပ်ဆောင်နိုင်ပြီး ရုပ်ရှင်ဇာတ်ကားကြီးပေါင်းမြောက်များစွာကို ရိုက်ကူးနေရတာပဲ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ဖွေးစိန်လေးက ရုပ်ရှင်ဇာတ်ကားအသစ်တွေ ရိုက်ကူးဖို့ပြင်ဆင်နေပြီး ပွဲအခမ်းအနားတွေ ဆက်တိုက်တက်ရောက်နေတာ ဖြစ်ပါတယ်။ ဒီနေ့မှာလည်း ဖွေးစိန်လေးက " KBZ Pay Media Experience" ပွဲကြီးကို အပြာရောင်ဝတ်စုံလေးနဲ့ တက်ရောက်ခဲ့ပါတယ်။ ဒီပွဲလေးမှာ ဖွေးဖွေးက ပန်းစည်းတွေတစ်ပုံကြီး လက်ဆောင်ရရှိခဲ့တာကြောင့် အိမ်ကိုပြန်သယ်လာပြီး သူရဲ့အဖွားကို လက်ဆောင်ပေးခဲ့တာ တွေ့ရပါတယ်။

ဖွေးဖွေးက " လက်ဆောင်ရသမျှ ပန်းတွေ အဖွားကိုပြန်ပေးပစ်တာ" ဆိုပြီး ဗီဒီယိုလေးကို သူမရဲ့ My Story မှာ တင်ထားတာ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ ဖွေးဖွေးရဲ့အပြုအမူလေးကြောင့် ဖွားဖွားဖြစ်သူက "ပန်းကလည်းလှတယ် လူကလည်းလှတယ်" ဆိုပြီး ပြန်ပြောထားတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်အတွက် ဖွေးဖွေးတို့မြေးအဖွားနှစ်ယောက်ရဲ့ ကြည်နူးစရာဗီဒီယိုဖိုင်လေးကို အောက်မှာတင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Phway Phway;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။