ဂေါ့ဇီဟာ ဒေါ့မွန်ရဲ့ ဘွန်ဒက်လီဂါ ပြိုင်ဘက် ဘိုင်ယန်မှာ သုံးနှစ်သွားရောက် ကစားခဲ့ပြီး အောင်မြင်မှု ရရှိခြင်း မရှိပါဘူး။ ဂေါ့ဇီ အနေနဲ့ လက်ရှိ ဒေါ့မွန်နဲ့တော့ အောင်မြင်မှုတွေရယူနိုင်သူဖြစ်ပါတယ်။ ဂျာမနီကွင်းလယ်လူ ဂေါ့ဇီဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ဂျာမနီအသင်းကို ချန်ပီယံဖြစ်စေခဲ့တဲ့ အဖိုးတန် အနိုင်ဂိုး တစ်ဂိုးကို သွင်းယူနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

ဂျာမနီကွင်းလယ်လူ Mario Götzeနဲ့ ယခုဘိုင်ယန်မြူးနစ်အသင်းမှာကစားနေတဲ့ Robert Lewandowskiတို့ဟာ ဒေါ့မွန်အသင်းမှာ အတူတူတွဲကစားဖူးသူတွေဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းမှာလဲ တွဲကစားဖူးသူတွေဖြစ်ကြတဲ့ သူတို့နှစ်ယောက်ကတော့ ခင်မင်ရင်းနှီးကြသလို ဒေါ့မွန်ရဲ့ တိုက်စစ်မှာ တစ်ချိန်က ကြီးစိုးနေသူလဲ ဖြစ်ပါတယ်။

ဒေါ့မွန်အသင်းမှာ အတူတူတွကစားရင်း Robert Lewandowskiဟာ Mario Götzeရဲ့ ငယ်ပါတန်းတန်းကို ဘောလုံးနဲ့ အချိန်ပြင်းကန်ခဲ့ဖူးပါတယ်။ ပြိုင်ဖက်အသင်းကို ဂိုးရဖို့ကြိုးစားရင်း မတော်တဆ ထိခိုက်မိတာပဲ ဖြစ်ပြီး Mario Götzeအတွက်တော့ ရယ်စရာကောင်းတဲ့ မမေ့နိုင်စရာ ကိစ္စပဲ ဖြစ်ပါတယ်။

SOURCE;433

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။