"အရိပ်" ၊ "ပုဂံမြို့သူ" စတဲ့ရုပ်သံဇာတ်လမ်းတွဲတွေမှာ ခေါင်းဆောင်မင်းသမီးနေရာကနေပါဝင်သရုပ်ဆောင်ခဲ့တဲ့ ပရိသတ်အချစ်တော် မေမြင့်မိုရ်ကို အားလုံးပဲသိကြမယ်ထင်ပါတယ်...။ သူမဟာဆိုရင် Star Awards ဆုပေးပွဲမှာ "ထူးချွန်ဆု" ကိုထိုက်ထိုက်တန်တန် ရရှိခဲ့သူလေးပါနော်...။ ခန္ဓာကိုယ်အချိုးအစားဟာဆိုရင်လည်း ြပေပြစ်လှပသူဖြစ်ပြီး ချစ်ဖို့ကောင်းတဲ့ မျက်နှာအမူအရာလေးတွေကြောင့် အားလုံးကချစ်ခင်အားပေးဝန်းရံလျက်ရှိတာပါဖြစ်ပါတယ်....။

မေမြင့်မိုရ်က မြန်မာဝတ်စုံလေးတွေ နဲ့ဆို နန်းဆန်စွာ ရိုးရိုးယဉ်ယဉ်လှပနေသူဖြစ်ပြီး....ပရိသတ်တွေအတွက်အသစ်သစ်သော ရုပ်ရှင်ဇာတ်လမ်းတွေကို ကြိုးစားပြီး ဆက်လက်ရိုက်ကူးနေတာဖြစ်ပါတယ်...။ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာလည်း ပါဝင်သရုပ်ဆောင်ထားတဲ့ သူမဟာဆိုရင် ဇာတ်ရုပ်ပိုင်နိုင်ပြီး အမူအရာကောင်းတဲ့အတွက်ကြောင့် ဘယ် characterနဲ့မဆို ပရိသတ်တွေရဲ့ ချီးကျုးအားပေးမှုကိုရရှိထားတာပါနော်...။ မိဘကိုလည်း ပြုစုလုပ်ကျွေးနေပြီး သူငယ်ချင်းတွေကိုလည်း စိတ်ရင်းအမှန်နဲ့ ပေါင်းသင်းတတ်သူဖြစ်တာကို အားလုံးပဲသိကြမှာပါ...။

မေမြင့်မိုရ်က ပရိသတ်ကြီးနဲ့ အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာများဖြစ်ကြတဲ့ facebook၊ Instagram တို့တွင်သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်..။ အခုတစ်ခါမှာဆိုရင်လည်း photographer နဲ့ ရိုက်ကူးထားတဲ့ စွဲမက်ဖွယ် အလှပုံရိပ်လေးတွေကို သူမရဲ့ official acc တွင် "ကိုယ့်အပြုံးတွေရဲ့အဓိပ္ပာယ်..." ဆိုတဲ့ status လေးနဲ့တကွ ထုတ်ဖော်ပြသထားပြီး Myanmarload ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်...။

Source May Myint Mo

Photo Credit Aung Ye Linn (Shane )

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။