ရာသီသစ်အတွက်ပြိင်ဆင်နေတဲ့မန်ချက်စတာယူနိုက်တက်အသင်းကတော့ ခုမှာအသင်းရဲ့အဝေးကွင်းဝတ်စုံသစ်ကိုမိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက်အသင်းရဲ့အဝေးကွင်းအင်္ကျီအသစ်ကတော့ ပရိသတ်တွေအကြိုက်ဖြစ်နေပြီးအားပေးမှုကိုရထားတာဖြစ်ပါတယ်။အဝေးကွင်းအင်္ကျီကတော့အဖြူရောင်လေးဖြစ်ပြီးတစ်ခြားအသင်းတွေနဲ့မတူအောင်ထူးခြားနေတာဖြစ်ပါတယ်။ 

မန်ချက်စတာယူနိုက်တက်အသင်းဟာမနှစ်ကရာသီမှာ ရလဒ်တွေဆိုးရွားခဲ့တာကြောင့် ဒီနှစ်မှာအသင်းကိုပြောင်းလဲမှုတွေလုပ်နေတာဖြစ်ပါတယ်။အသင်းရဲ့ခြေစွမ်းမပြနိုင်တဲ့ကစားသမားတွေနေရာမှာလူငယ်ခြေတက်ကစားသမားတွေကိုဝယ်ယူပြီးအသင်းကိုပြောင်းလဲမှုတွေလုပ်နေတာဖြစ်ပါတယ်။အသင်းကတော့အကောင်းဆုံးကစားသမားတွေနဲ့စုဖွဲ့ထားတာကြောင့်နောက်နှစ်ရာသီမှာတော့မန်ချက်စတာယူနိုက်တက်ရဲ့အကောင်းဆုံးခြေစွမ်းတွေကိုပြန်မြင်ရဖို့ရှိနေတာပါ။ 

မန်ချက်စတာယူနိုက်တက်အသင်းဟာခုချိန်မှာသြစတေးလျနိုင်ငံကိုခြေစွမ်းပွဲတွေကစားဖို့ရောက်ရှိနေတာဖြစ်ပါတယ်။ဘောလုံးပွဲတွေကလည်းပြန်စဖို့မကြာတော့တာကြောင့်မန်ယူအသင်းဟာခုချိန်မှာကစားသမားတွေကိုရှာဖွေနေတာပါ။အသင်းရဲ့အဓိကကစားသမားတွေလည်းထွက်ခွာဖို့ရှိနေတာဖြစ်ပြီးပရိသတ်တွေလည်းစိတ်ဝင်စားနေတာပါ။ခုကြော်ငြာသစ်မှာလည်းသူတို့ရဲ့အဓိကကစားသမားတွေပြန်ပါဝင်လာတာကြောင့်ပရိသတ်တွေကပိုစိတ်ဝင်စားနေကြတာပါ။

SOURCE:Goal.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။