ချစ်သူရည်စားထားဖူးတဲ့သူတိုင်း ချစ်သူမဖြစ်မှီနဲ့ ဖြစ်ပြီးဘာတွေကွာခြားသွားတယ်ဆိုတာကို သိကြမှာပါ။ အဲ့အချိန်မှာချစ်သူတွေဖြစ်ကြတဲ့ ကာယကံရှင်တွေဟာလဲ သူတို့အနေနဲ့ သူတို့ရဲ့ချစ်သူဘယ်လိုတွေပြောင်းလဲသွားတာကို သိကြမှာပါ။ ဒါပေမဲ့လဲ ခုချိန်မှာတော့ ချစ်သူဘဝမှာပြောင်းလဲသွားတဲ့ ကွားခြားချက်တွေကို ဖော်ပြသွားမှာမဟုတ်ပဲ မင်္ဂလာဆောင်ပြီးချိန်မှာ မဆောင်ခင်တုန်းကနဲ့ဘာကွာသွားလဲ ဘာတွေပြောင်းသွားလဲဆိုတာကို ဖော်ပြသွားမှာပါ။ ချစ်သူမဖြစ်ခင်နဲ့ဖြစ်ပြီးအချိန်တွေ ကွာသွားတာထက်ပိုဆိုးတာပေါ့။ 

မင်္ဂလာမဆောင်ခင် လက်မထပ်ခင်ချိန်တွင်းမှာတော့ နှစ်ဦးနှစ်ဖက်လုံးက အရာရာအဆင်ပြေ ချော်မွှတ်လေ့ရှိပါတယ်။ အရာအားလုံးကအဆင်ပြေပြီး အေးချမ်းလေ့ရှိကာ ပြဿနာတွေတက်ရင်တောင် သိပ်ပြီးမဆူညံ ပွက်လောမရိုက်ကြပါဘူး။ ဒါပေမဲ့ မင်္ဂလာဆောင်ပြီးချိန် လက်ထပ်ပြီးချိန်မှာတော့ ချစ်သူဘဝနဲ့တခြားစီပါပဲ ပြဿနာတက်ရင်မပြီးနိုင်မစီးနိုင်ဖြစ်ကာ လျေ့ာတက်ကြတာတွေမရှိကြတော့ပါဘူး။ နှစ်ယောက်လုံးကလဲ လက်မထပ်ခင်မှာတော့ ခန္ဓာကိုယ်က မဝကြပဲ လက်ထပ်ပြီးချိန်မှာတော့ Weight တွေတက်လာကြတာကို ပရိသတ်ကြီး သိမှာပါ။ 

ယောကျ်ားအများစုဟာ လက်မထပ်ခင်မှာ မိန်းကလေးတွေဆိကနေ ခရီးတွေသွားဖို့နဲ့ အပြင်တွေဘာတွေသွားဖို့ခွင့်တောင်းကြပါတယ်။ ဒါပေမဲ့ လက်ထပ်ပြီးချိန်မှာတော့ မိန်းကလေးတွေက ပြန်ပြီးတော့ ယောကျ်ားဆိကနေ အဲ့လိုမျိုးလုပ်ဖို့ ပြောပြရပါတယ်။ ယောကျ်ားတွေ ပြန်ချေတာပေါ့ မိန်းမတွေကို။ ပြီးတော့အိပ်တာပေါ့....ဒါကတော့ ပုံမှန်ပါပဲ အစပိုင်းမှာတော့ အဆင်ပြေပြေအိပ်ကြပြီး နောက်ပိုင်းမှာတော့ အအိပ်ကြမ်းတော့တာပါပဲ။ မင်္ဂလာမဆောင်ခင်မှာတော့ အရမ်းတွေချစ်ကြပြီး ဆောင်ပြီးချိန်နောက်ပိုင်းမှာတော့ Love Bird ကနေ Angry Bird ဘဝကို ပြောင်းလဲသွားကြပါတယ်။  

Source : Bloggers Arena

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။