ကဲ ချစ်ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသားချောလေး နေတိုးနဲ့ မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်တို့နှစ်ယောက် ပါဝင်သရုပ်ဆောင်ထားတဲ့ " နှစ်ပါးသွား Update " ရုပ်ရှင်ဇာတ်ကားကြီးကတော့ မကြာခင်မှာ ရုံတင်ပြသတော့မှာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးမှာတော့ နေတိုးနဲ့ ဝတ်မှုန်ရွှေရည်တို့က ပရိသတ်တွေကို တဝါးဝါး တဟားဟား ရယ်မောပျော်ရွှင်နေရအောင် အခွီတလိုင်းပုံစံနဲ့ ပါဝင်သရုပ်ဆောင်ထားကြတာပဲ ဖြစ်ပါတယ်။

ဒီဇာတ်ကားကြီးမှာ ပရိသတ်တွေရဲ့အချစ်တော် နေတိုးက "သတိုး" ဆိုတဲ့ကောင်လေးနေရာကနေ ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ Official Trailer ထွက်ရှိပြီးကတည်းက နေတိုးရဲ့သရုပ်ဆောင်ချက်တွေကို ပရိသတ်တွေက သဘောကျနေကြတာ ဖြစ်ပါတယ်။ ဗျောက်အိုးဖောက်တာခံလိုက်ရပြီး အူဂါဂါဖြစ်သွားတဲ့ နေတိုးရဲ့ပုံစံကတော့ တကယ့်ကိုခွီနေရသလို ရွှေကစ်ကိုပြန်ပြီး ဆေးထိုးတဲ့ပုံစံတွေကလည်း ပါးစပ်မစိနိုင်အောင် ရယ်မောနေရတာ ဖြစ်ပါတယ်။

ရှားရှားပါးပါး လူငယ်ဆန်ဆန် အချစ်ဟာသကားလေးကို ကြည့်ချင်ကြတဲ့ ပရိသတ်ကြီးအတွက် နေတိုးပါဝင်သရုပ်ဆောင်ထားတဲ့ "နှစ်ပါးသွား Update" ဇာတ်ကားကြီးက လာမယ့် ဇူလိုင်လ (၁၈) ရက်နေ့မှာ ရုံတင်ပြသတော့မှာဖြစ်ကြောင်း သတင်းကောင်းလေးပေးချင်ပါတယ်နော်။ ကဲ ချစ်ပရိသတ်တွေအတွက် အူဂါဂါတစ်ဖြစ်လဲ နေတိုးနဲ့ မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ရဲ့ "နှစ်ပါးသွား Update" ဇာတ်ကားကြီးက အခွီပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:နှစ်ပါးသွား Update;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။