ပြည်သူ့အချစ်တော် အကယ်ဒမီများရှင် အိန္ဒြာကျော်ဇင်ရဲ့ တူမလေးဖြစ်တဲ့ မေတိုးခိုင်ကို အားလုံးပဲသိကြမှာပါ..။ သူမဟာဆိုရင် ကလေးတစ်ယောက်လိုချစ်ဖို့ကောင်းပြီး ဖြူစင်တဲ့ အပြုံးလေးနဲ့ ပရိသတ်တွေရဲ့ တစ်ခဲနက်ဝန်းရံမှုကို ရရှိထားတာဖြစ်ပါတယ်...။ မေတိုးခိုင်ဟာဆိုရင် ဒီဇိုင်းဆန်းလေးတွေကို ဝတ်ဆင်ပြီး အမြင်အေးစွာလှပနေတာပါနော်...။ မေတိုးခိုင်ဟာဆိုရင် မော်ဒယ်လ်၊ သရုပ်ဆောင်တစ်ယောက်အနေနဲ့ အနုပညာလောကထဲသို့ ဝင်ရောက်လာပြီး အောင်မြင်မှုများစွာကိုပိုင်ဆိုင်လာတာပါ..။ အနာဂတ်ကြယ်ပွင့်အနုပညာရှင်လောင်းလေးပဲ ဖြစ်ပါတယ်...။

မေတိုးခိုင်ရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ photo shooting တွေ၊ ကြော်ငြာမဂ္ဂဇင်းတွေကို လက်ခံရိုက်ကူးနေတာဖြစ်ပါတယ်..။ အခမ်းအနားဖွင့်ပွဲတွေကိုလည်း တက်ရောက်လေ့ရှိပြီး၊ red carpet show ပွဲတွေကိုလည်း ဖိတ်ကြားခြင်းခံရတဲ့ မြန်မာပြည်ရဲ့ ထိပ်တန်းမော်ဒယ်လ်တွေထဲက တစ်ဦးအပါအဝင်ဖြစ်ပါတယ်...။ သူငယ်ချင်းတွေနဲ့အတူ ဘဝကြီးကို အေးချမ်းစွာ ဖြတ်သန်းနေပြီး အခုလက်ရှိမှာတော့ single ဘဝအနေနဲ့ ရပ်တည်နေတာပါ..။ သီချင်းဗီဒီယိုတွေထဲမှာလည်း ပါဝင်သရုပ်ဆောင်ထားတာကို အားလုံးပဲတွေ့မြင်ကြပါနော်...။

မေတိုးခိုင်က ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာများဖြစ်ကြတဲ့ facebook၊ instagram တို့တွင် သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကိုအစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်..။ အခုတစ်ခါမှာဆိုရင်လည်း photographer နဲ့အတူ ရိုက်ကူးထားတဲ့ စွဲမက်ဖွယ် အလှပုံရိပ်လေးတွေကို သူမရဲ့ official acc တွင်ထုတ်ဖော်ပြသထားတာပါနော်...။ Myanmarload ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်...။

Source May T. Khine 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။