ပြီးခဲ့တဲ့ရက်ပိုင်းက ဂရိနိုင်ငံမြောက်ပိုင်းမှာ လေပြင်းတွေတိုက်ခတ်ပြီး မိုးသီးတွေ ကျခဲ့တယ်လို့ သိရပါတယ်။

အခုလိုပူပြင်းတဲ့ရာသီဥတုကာလမှာ အခုလိုရာသီဥတု ဆိုးရွားတာဟာ ဂရိနိုင်ငံမှာ ရားပါးလှတဲ့ ဖြစ်စဉ်တစ်ခုဖြစ်တယ်လို့ သိရပါတယ်။

ယခုတိုက်ခတ်ခဲ့တဲ့ လေပြင်းတွေကြောင့်ဆိုရင်လည်း ၎င်းဒေသက သစ်ပင်တွေ အမြစ်ကနေ ကျွတ်ထွက်သွားခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် အိမ်တော်တော်များများလည်း ပြိုပျက်ခဲ့ရသလို လူသေဆုံးမှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

သေဆုံးခဲ့သူဦးရေအနေနဲ့ဆိုရင်လည်း စုစုပေါင်း ၉ ယောက်လောက်ရှိပြီး ကလေးနှစ်ယောက်ပါဝင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒဏ်ရာရသူဦးရေအနေနဲ့ဆိုရင်လည်း အယောက် ၁၀၀ ဝန်းကျင်လောက်ရှိတယ်လို့ သိရပါတယ်။

Source- The Sun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။