ချစ်ပရိတ်သတ်ကြီးရေ... MRTV-4ရုပ်သံဇာတ်လမ်းတွဲကနေတစ်ဆင့် ပရိတ်သတ်တွေရဲ့ နှလုံးသားထဲကို ဝင်ရောက်သိမ်းပိုက်သွားခဲ့တဲ့ သူလေးကတော့ သရုပ်ဆောင်ခြူးလေးပဲဖြစ်ပါတယ်နော်။ သူ့မရဲ့ အနုပညာကိုတန်ဖိုးထားတဲ့စိတ်လေးနဲ့ ကြိုးပမ်းအားထုတ်မှုတွေကြောင့်အချိန်တိုတိုအတွင်းမှာအောင်မြင်လာခဲ့ပြီး ပရိတ်သတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက်ရရှိခဲ့တာပဲဖြစ်ပါတယ်။

ကျရာဇာတ်ရုပ်ကို အပီပြင်ဆုံးနဲ့ သဘာဝအကျဆုံးဖြစ်အောင်ကြိုးစားသရုပ်ဆောင်နိုင်သူလေးလည်းဖြစ်သလို သူမရဲ့ အကယ်ဒမီရှော့ခ်အိုက်တင်လေးတွေကလည်း ချစ်ပရိတ်သတ်တွေကိုအကြိုက်တွေ့စေခဲ့ပြန်ပါတယ်နော်။ လတ်တလောမှာတော့ သူမဟာ ပွဲလေးတွေတက်ဖြစ်နေတာတွေ့ရပြီးတော့ ရုံတင်ရုပ်ရှင်ဇာတ်ကားကြီးတွေတော်တော်များများကို ဖိတ်ကြားခြင်းလည်းခံနေရပါတယ်နော်။

အဲ့လို အနုပညာအလုပ်တွေကိုဆက်တိုက် လုပ်ပြီး သူမချစ်တဲ့ပရိတ်သတ်တွေအတွက် အစွမ်းကုန်ကြိုးစားနေတဲ့ ဝိုင်းလေးဟာ အနေလည်း အေးသလောက် အဝတ်အစားဖက်ရှင်လေးတွေဆိုရင်လည်း ပေါ့ပေါ့ပါးပါးနဲ့လူငယ်ဆန်ဆန် လုံလုံခြုံခြုံလေးတွေကို ဝတ်ရတာနှစ်သက်သူတစ်ယောက်ပါနော်။ အခုလည်း ရိုးရိုးရှင်းရှင်းနဲ့ ပကာသနဆိုတာတွေ သိပ်မပါတဲ့ ဖက်ရှင်လေးနဲ့တွေ့ရပြန်ပါတယ်နော်။ အခုနောက်ပိုင်းသူမဟာ ကြော်ငြာလေးတွေလည်းဆက်တိုက်ရိုက်ဖြစ်နေတာတွေ့ရပြီးတော့ အခုလည်းRENE Mattias ဆိုတဲ့ Brand လေးကို Reviewလေးရေးပြီး ကြော်ငြာထားတာကိုတွေ့ရပါသေးတယ်နော်။ကဲ... ပရိတ်သတ်အပေါင်း ရင်ခုန်သံတွေစည်းချက်မညီနိုင်တော့လောက်အောင်ကို ရိုးရိုးရှင်းရှင်းနဲ့လှပလွန်းနေခဲ့တဲ့ခြူးလေးရဲ့ ပေါ့ပေါ့ပါးပါးပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက်ပြန်လည်မျှဝေပေးထားပါတယ်နော်။

Source :  Chue Chue

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။