ပြီးခဲ့တဲ့ရက်ပိုင်းကစတင်ပြီးတော့ ဗင်နီဇွဲလားနိုင်ငံအတွင်းမှာ သမ္မတမာဒူရိုရဲ့ အစိုးရအဖွဲ့နဲ့ အတိုက်အခံတွေကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။

ဒီဆွေးနွေးပွဲကိုတော့ နော်ဝေနိုင်ငံက ကျောထောက်နောက်ခံပေးထားတာဖြစ်ပြီး ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကျင်းပခဲ့တာပဲဖြစ်ပါတယ်။

ကျင်းပခဲ့တဲ့နေရာကတော့ ဗင်နီဇွဲလားနိုင်ငံမြောက်ပိုင်းက မီရန်ဒါပြည်နယ်မှာဖြစ်သလို ဗင်နီဇွဲလားနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းကို အဆုံးသတ်ဖို့ ကျင်းပပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။

ယခုပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲအတွင်းဆိုမှာလည်း သမ္မတမာဒူရိုရဲ့ အစိုးရအဖွဲ့နဲ့ အတိုက်အခံတွေကြားက အခြေအနေဟာ အကြိတ်အနယ်ဖြစ်နေတယ်လို့ သိရပါတယ်။

သမ္မတ မာဒူရိုအနေနဲ့ဆိုရင်လည်း ယခုနိုင်ငံထဲမှာဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အကျပ်အတည်းတွေဟာ သူ့ကိုရာထူးကနေဖြစ်ချဖို့ ကြိုးစားနေတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကြောင့်ဖြစ်တယ်လို့ ပြောကြားခဲ့ပါသေးတယ်။

သို့ပေမယ့် အတိုက်အခံခေါင်းဆောင် ဟွယ်ဂယ်ဒိုကတော့ ယခုကျင်းပနေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မအောင်မြင်တဲ့ ဆွေးနွေးပွဲလိုမျိုး အဆုံးသတ်ခွင့် မပေးနိုင်ဘူးလို့ ပြောကြားထားကြောင်း သိရပါတယ်။

source- Reuters

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။