ချစ်စရာကောင်းတဲ့ မင်းသမီးလေးရဲ့ ချစ်စရာကောင်းတဲ့ သားရတနာလေး Jet Jet တစ်ယောက် ဒီနေ့မှာပဲ သုံးလပြည့်မြောက်သွားပြီပဲ ဖြစ်ပါတ်။ ဖေဖေမေမေတို့ရဲ့ လုံခြုံတဲ့ ချစ်မေတ္တာကြောင့် သားလေးဟာ ပျော်ရွှင်အေးချမ်းပြီး တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး ချစ်စရာကောင်းလာပါတယ်။ အေးချမ်းသာယာတဲ့မိသားစုဘဝလေးကို ခိုင်ခိုင်မာမာ တည်ဆောက်ထားပြီး အခုဆိုရင် ဖေဖေရယ် မေမေရယ် သားလေးရယ်သုံးယောက်အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို နွေးထွေးစွာနဲ့တည်ဆောက်ထားနိုင်ကြပြီ ပဲဖြစ်ပါတယ်။

အနုပညာအလုပ်တွေကို အများကြီးလုပ်ကိုင်ခဲ့ပြီး လက်ရှိမှာတော့ ပွဲတက်တွေလောက် ပဲရှိကာ မိသားစုကိုအပြည့်အဝအချိန်ပေးနေတဲ့ နန်းမြတ်တစ်ယောက် သားလေးရဲ့အပြုံး တွေနဲ့ အရာရာကိုလဲယူနေတယ်ဆိုတာ သိသာနေပါတယ်။ မိခင်တစ်ယောက်ရဲ့ သားသမီး တစ်ယောက် အပေါ်ထားတဲ့ အကြီးမားဆုံးမေတ္တာဟာ နှိုင်းယှဉ်ပြစရာစကားလုံးမရှိ အောင်ကို ကြီးမားနက်ရှိုင်းလွန်းတယ်ဆိုတာ မိဘဖြစ်ဖူးသူတွေသာ သိမှာပါ။ နန်းမြတ် လည်း သားလေးရဲ့အမူအရာလှုပ်ရှားမှုတိုင်းကို မှတ်တမ်းတင်ပြီး တစိမ့်စိမ့်ကြည့်ကာ ချစ်မဝဖြစ်လွန်းနေခဲ့ပါတယ်။

သားလေးရဲ့ သုံးလပြည့်အမှတ်တရပုံရိပ်လေးတွေကို " သားသားလေး၃လပြည့် မဟာမြတ် မုနိဘုရားကြီးရဲ့မျက်နှာသစ်တော်ရေနဲ့သုတ်ပုဝါရရှိ မေ့ချစ်သားလေးက ဘုရားမှာငြိ မ်နေတာပဲ ချစ်လို့လဲမဝပါဘူးကွယ် သားသားလေးမျက်နှာမြင်ချစ်ခင်ပါစေ နော် " ဆိုပြီး တင်ထားတာပဲဖြစ်ပါ တယ်။ ချစ်စရာကောင်းတဲ့ Jet Jet လေးရေ သာယာပျော်ရွှင်တဲ့ဘဝ လေးကို အမြဲတမ်းပိုင်ဆိုင်နိုင်ပါစေနော်။

Photo - Nann Myat PHyo Thin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။