ကိုင်လီဂျန်နာဆိုရင် မြန်မာနိုင်ငံကလူတော်တော်များများသိကြပါတယ် ။

သူတို့မိသားစုထဲကညီအမအားလုံးဟာ နိုင်ငံတကာမှာ လူသိများထင်ရှားတဲ့

ဆယ်လီတွေပါ ။ ညီအမအားလုံး ဆယ်လီဖြစ်တာကြောင့်တစ်ခုထဲနဲ့ နာမည်ကြီးတာတော့မဟုတ်ပါဘူး ။

သူမဟာ August 10, 1997 မှာမွေးဖွားတာမို့ ဒီနှစ်မှ အသက်နှစ်ဆယ်ပြည့်မှာပါ ။

ဆယ်ကျော်သက်အရွယ်ထဲက Cosmetic ထုတ်လုပ်သူအဖြစ် ချမ်းသာကြွယ်ဝလာခဲ့ပါတယ် ။

မိသားစုထဲမှာအငယ်ဆုံးဖြစ်ပေမယ့် သူမရဲ့ ဝင်ငွေက နာမည်ကောျ်မော်ဒယ်တွေ ၊ ရုပ်သံအစီအစဉ်တင်ဆက်သူတွေဖြစ်တဲ့

အမတွေထက်ကျော်လွန်ပြီး မိသားစုထဲကအချမ်းသာဆုံးသူ ဖြစ်ခဲ့ပါတယ် ။

သူထုတ်လုပ်တဲ့ Kylie တံဆိပ် Cosmetic တွေဟာဆိုရင် မြန်မာနိုင်ငံက မိန်းမပျိုတို့ရဲ့ အကြိုက်ဆုံး Cosmetic တွေထဲတစ်ခုအပါအဝင်ဖြစ်ပါတယ် ။

Rapper Tyga နဲ့ မကြာသေးခင်ကမှပြတ်ဆဲထားပြီး သူမရဲ့ အချစ်ရေးက ခုချိန်မှာတော့ မတည်ငြိမ်သေးပါဘူး ။

သူမရဲ့ လှပတဲ့ ကိုယ်လုံးကိုယ်ပေါက်အချိုးအဆက်ဟာလဲ သူမကိုနာမည်ကျော်ကြားစေတဲ့ အထောက်အပံဖြစ်ပါတယ် ။

ထိုကိုယ်ခန္တာနဲ့ ဆွဲဆောင်မှုရှိတဲ့ မျက်နှာထားကို ရရှိဖို့ ခွဲစိတ်မှုတစ်ချို့ကိုလဲလုပ်ခဲ့တာပါ ။

သူမ ရဲ့ အရင်ပုံနဲ့ ယခုပုံကိုနှိုင်းယှဉ်ကြည့်လိုက်ကြရအောင် ...

Source : Ma Htet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။