အောင်မြင်မှုတွေကိုအမိမြန်မာနိုင်ငံတော်အတွက်ကြိုးစားယူဆောင်ပေးနေတာကတော့ မြန်မာအမျိုးသမီးအသင်းပဲဖြစ်ပါတယ်။မြန်မာ့အမျိုးသမီးလက်ရွေးစင်အသင်းဟာအာရှမှာလည်းအကောင်းဆုံးတွေထဲတစ်သင်းဖြစ်ပြီးအာစီယံမှာလည်းထိပ်ဆုံး၃သင်းထဲမှာပါဝင်နေတာဖြစ်ပါတယ်။မြန်မာအမျိုးသမီးအသင်းရဲ့ခြေစွမ်းတွေဟာလည်းပြိုင်ဘက်တိုင်းလေးစားနေရတာဖြစ်ပါတယ်၊

ခုမှာတော့ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ကထုတ်ပြန်တဲ့ကမ္ဘာ့အဆင့်ရပ်တည်မှုမှာတော့မြန်မာအမျိုးသမီးအသင်းဟာအဆင့်၄၆နဲ့အမြင့်ပိုင်းတစ်နေရာမှာရပ်တည်နေတာပါ။အာရှအဆင့်ရပ်တည်မှုမှာတော့မြန်မာအမျိုးသမီးအသင်းဟာအဆင့်၁၀နေရာမှာရပ်တည်နေတာဖြစ်ပြီးအာရှမှာမြန်မာရဲ့ဂုဏ်ကိုဆောင်နေတာဖြစ်ပါတယ်၊

မြန်မာအမျိုးသမီးအသင်းဟာ ဒီနှစ်အတွင်းမှာကျင်းပတဲ့ ပြိုင်ပွဲတွေမှာအောင်မြင်မှုတွေယူနိုင်ခဲ့တာဖြစ်ပါတယ်။မြန်မာအသင်းအတွက်ဝေးကွာနေတဲ့ဆုဖလားကြီးကိုလည်းအိန္ဒိယနိုင်ငံမှာကျင်းပတဲ့ဖိတ်ခေါ်ဖလားပြိုင်ပွဲမှာရယူပေးနိုင်ခဲ့သလိုအိုလံပစ်ခြေစစ်ပွဲမှာလည်းနောက်တစ်ဆင့်ကိုရောက်ရှိနေတာပါ။ဒီလိုအောင်မြင်မှုတွေယူပေးထားတဲ့မြန်မာအမျိုးသမီးအသင်းကိုလည်းအားပေးစကားတွေနဲ့ဂုဏ်ပြုပေးကြပါဦးနော်။

Source:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။