ဒီသီချင်းနာမည်ကတော့ အဆန်းကြီးပဲနော်။

အသံသြဇာ ကြီးတဲ့ ရက်ပါအဆိုတော် Gfatt ကတော့ သူ့ပရိသတ်တွေဆီကို ဆန်းသစ်တဲ့ သီချင်းဖန်တီးမှုတွေထပ်ပေးဖို့ ပြင်ဆင်နေပါတယ်။

ဒါရိုက်တာဝင်းလွင်ထက် ရိုက်ကူးတဲ့ ဂျီဖက်ကိုယ်တိုင်ရေး ကိုယ်တိုင်သီဆိုထားတဲ့ တစ်ယောက်ပဲသတ်ချင်တယ် သီချင်းMTV ကို ဂျီဖတ်အပါအဝင် ဝတ်မှုန်ရွှေရည်(ကစ်ကစ်)နဲ့ အလင်းရောင်တို့ ပါဝင်သရုပ်ဆောင်ထားတယ်လို့သိရပါတယ်။

သီချင်းနာမည်ကြားတာနဲ့တင် စိတ်ဝင်စားနေတဲ့ ပရိသတ်တွေကတော့ ဒီသီချင်းထွက်ရင် အမြန်ဆုံးအားပေးနားဆင်ဖို့ စောင့်နေကြပါတယ်။

မေလ(၁)ရက်နေ့မှာထွက်မှာမို့ စောင့်မျှော်နေတဲ့ပရိသတ်ကြီးလည်း အားပေးကြပါဦး ။

သတင်းအရင်းမြစ် V7Entertainment

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။