ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ထိပ်တန်းကနေ အောင်မှုတွေအခိုင်အမာရရှိထားတဲ့ ဝါရင့်သရုပ်ဆောင်အနုပညာရှင်ကတော့ ကန်ကယ်လေးလို့ အားလုံးကခေါ်ကြတဲ့ အကယ်ဒမီလူမင်းပဲ ဖြစ်ပါတယ်..။

အန်ကယ်လေးကတော့ အောင်မြင်ခိုင်မာတဲ့ ပြည်သူချစ်အနုပညာရှင်ဖြစ်သလို ကြည်နူးစရာကောင်းတဲ့ မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ဖြတ်သန်းနေသူပဲ ဖြစ်ပါတယ်နော်..။

အန်ကယ်လေးရဲ့ သမီးလေးနဲ့ သားလေးတို့ကတော့ လိမ္မာရေးခြားရှိပြီး ဘာသာတရားကိုင်းရှိုင်းတတ်ကြပြီး လူကြီးမိဘတွေကိုလည်း ရိုသေမှုရှိတတ်ကြတာလည်း တွေ့ရပါတယ်နော်..။

အခုတစ်ခါမှာလည်း ညဘက်တွေမှာ အမေနဲ့အတူ ဘုရားရှိခိုးတိုင်း လိုက်ရှိခိုးသလို တရားလည်းထိုင်ပြီး လူကြီးမိဘတွေကို ကန်တော့ပြီးမှ အိပ်တတ်ကြတဲ့ အကြောင်းလေးတွေကိုလည်း ကြည်နူးစွာ ကြားသိရပြန်ပါတယ်နော်..။

"ညဘက်အမေ ဘုရားရှိခိုးတိုင်း လိုက်ရှိခိုးတယ် တရားလည်းထိုင်တယ် ကလေး၂ယောက်လုံး လူကြီးမိဘတွေကို ကန်တော့ပြီးမှ အိပ်တယ် ဗုဒ္ဓယဉ်ကျေးမှုသင်တန်းတက်ပြီး သူတို့လေးတွေ ပိုလိမ္မာလာတယ် သင်ကြားဆုံးမပေးတဲ့ ရွှေတောင်ကုန်းပဏ္ဍိတရာမှ ဘုန်းဘုန်းများ ကျေးဇူးကြီးလှပါတယ်.." ဆိုပြီးတော့လည်း ကြည်နူးပီတိလေးတွေနဲ့အတူ ပြောပြထားပါသေးတယ်နော်..။

ကြည်နူးပီတိဖြစ်စရာကောင်းလွန်းတဲ့ သားနဲ့ သမီးတို့ရဲ့ အမှတ်တရပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေကို မျှဝေထားတာမို့ ပရိသတ်တွေအားလုံးကလည်း သာဓုခေါ်ချီးကျူးစကားလေးတွေ ပြောခါးကြတာလည်း တွေ့ရပါတယ်နော်..။

Photo - လူမင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။