ပရိသတ်ကြီးရေ ရုပ်ရှင်ဇာတ်ကားတွေမှာ သရုပ်ဆောင်တဲ့ ဇာတ်ပို့ဇာတ်ရံတွေရဲ့အခန်းကဏ္ဍကလည်း တစ်မျိုးတစ်ဖုံအရေးကြီးပါတယ်နော်။ဇာတ်ပို့ဇာတ်ရံတစ်ယောက်ဖြစ်တဲ့ အကယ်ဒမီဦးအောင်ခိုင်ကတော့ အနုပညာသက်တမ်းက ၁၀စုနှစ်တစ်ခုစာလောက်ရှိနေပြီဖြစ်လို့ ဝါရင့်အနုပညာရှင်ကြီးတစ်ယောက်လို့ပြောလို့ရပါတယ်နော်။အကယ်ဒမီဦးအောင်ခိုင်ကတော့ ယနေ့အချိန်ထိလည်း အနုပညာအလုပ်တွေကိုတစိုက်မက်မက်လုပ်ဆောင်နေဆဲဖြစ်ပြီး ပရိသတ်ရဲ့ချစ်ခင်အားပေးမှုတွေကိုရရှိနေဆဲဖြစ်ပါတယ်။

ဦးအောင်ခိုင်ကတော့ ပရဟိတအလုပ်ဆိုလည်း စိတ်ရောကိုယ်ပါနှစ်ပြီး စွမ်းစွမ်းတမံဆောင်ရွက်သလို အကူအညီလိုအပ်သူတိုင်းကိုလည်း အိမ်တိုင်ရာရောက်သွား၍လှူဒါန်းနေတဲ့ပုံရိပ်လေးတွေကို ပရိသတ်ကြီးလည်းမြင်တွေ့ရမှာပါနော်။အများအကျိုးကိုသယ်ပိုးပြီး စိတ်စေတနာကောင်းတဲ့သူတစ်ယောက်လည်းဖြစ်တဲ့ ဦးအောင်ခိုင်ရဲ့စိတ်ဓာတ်ကို ပရိသတ်တွေက လေးစားပြီး ချီးကျူးနေရတာဖြစ်ပါတယ်။

အခုဆိုရင်တော့ ဦးအောင်ခိုင်က ကိုလူချောအဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပြီး ဇာတ်ပို့ဇာတ်ရံတစ်ဦးလည်းဖြစ်တဲ့ သရုပ်ဆောင် ဇော်ကြီးရဲ့ အိမ်ကိုသွားရောက်ပြီး တတ်နိုင်သလောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။သရုပ်ဆောင်ဇော်ကြီးရဲ့ပျော်ရွှင်ချမ်းမြေ့တဲ့အပြုံးလေးတွေကိုကြည့်ရင် လှူရတဲ့သူအတွက်စိတ်ကျေနပ်စရာပါပဲနော်။ဦးအောင်ခိုင်ကတော့ "လုပ်ဖေါ်ကိုင်ဘက်သူငယ်ချင်းကိုလူချောအဖွဲ့ဝင်သရုပ်ဆောင်ဇော်ကြီးအိမ်သို့ ရောက်ရှိပြီးကိုလူချောအဖွဲ့မှထောက်ပံ့ငွေလှူဒါန်းပေးအပ်ခဲ့ပါတယ်"ဆိုပြီး ပုံရိပ်လေးတွေကို မျှဝေလာပါတယ်နော်။

Source:Middle Man

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။