ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို အပြည့်အဝရရှိထားပြီး ရယ်စရာဟာသဗီဒီယိုလေးတွေနဲ့ ရယ်မောပျော်ရွှင်စေသူကတော့ ညီညီမောင်(စမ်းချောင်း) ပဲ ဖြစ်ပါတယ်နော်..။

အောင်မြင်တဲ့ မိတ်ကပ်ပညာရှင်အဖြစ်ရပ်တည်နေသလို အနုပညာအလုပ်တွေမှာလည်း ဇာတ်ကားတွေရိုက်ကူးနေပြီး ပွင့်လင်းတဲ့ သူ့ရဲ့ စကားပြောဟန်ပန်တွေကြောင့်လည်း အားလုံးက အချစ်ပိုနေကြရတာပါနော်..။

အလှူအတန်းတွေကိုလည်း မကြာခဏပြုလုပ်တတ်တဲ့ သုသုကတော့ အခုတစ်ခါမှာလည်း သစ်တံခါးဆရာတော်ကြီးဆီမှာ ဘုရားအဆူ (၁၀၀)ကို လှူဒါန်းကုသိုလ်ယူခဲ့တယ်လို့ သိရပါတယ်နော်..။

သူငယ်ချင်းတွေနဲ့အတူ လှူဒါန်းကုသိုလ်ယူခဲ့ကြတာဖြစ်ပြီး သရုပ်ဆောင်မင်းသမီးချောမေကဗျာက အဆူ(၃၀)နဲ့ ရတုက အဆူ (၂၀)တို့ကို လှူဒါန်းခဲ့ကြပြီး စုစုပေါင်း ဘုရားအဆူ(၁၅၀)ကို လှူဒါန်းကုသိုလ်ယုခဲ့ကြတာ ဖြစ်ပါတယ်နော်..။

အခုလို လှူဒါန်းကုသိုလ်ယူခဲ့ကြတဲ့ အမှတ်တရပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေ သာဓုခေါ်ကုသိုလ်ယူနိုင်ဖို့အတွက် ကြည်နူးစွာ ပြန်လည်မျှဂေထားပါသေးတယ်နော်..။

"သစ်တံခါးဘုန်းဘုန်းအား အလိုတော်ပြည့် ဘုရား အဆူ ၁၅၀ ကပ်လှူ ပါ၏

သုသု အဆူ ၁၀၀

မေကဗျာ အဆူ ၃၀

ရတု အဆူ ၂၀ လှူဒါန်းပါ၏

မြင်သမျှကြားသမျှသာဓု ခေါ်ဆိုနိုင်ပါစေ.." ဆိုပြီး ပရိသတ်တွေကို ပြန်လည်မျှဝေထားတာပဲ ဖြစ်ပါတယ်..။

Photo - ညီညီမောင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။