ပရိသတ်ကြီးရေ အကယ်ဒမီနန္ဒာလှိုင်တို့မိသားစုကတော့ အလှူအတန်းဆိုရင် တတ်နိုင်သလောက်ကို အချိန်မရွေး နေရာမရွေး အမြဲတမ်းလှူဒါန်းနေကြပြီး သဒ္ဒါတရားထက်သန်တဲ့မိသားစုလေးပဲဖြစ်ပါတယ်နော်။နန္ဒာလှိုင်တို့မိသားစုက စီးပွားရေးဆိုလည်း တက်ညီလက်ညီနဲ့ကြိုးစားရှာဖွေကြသလို သိန်းပေါင်းများစွာကိုလည်း မကြာခဏလှူဒါန်းနေကြတာကိုပရိသတ်ကြီးလည်းမြင်တွေ့နေရမှာပါနော်။

အခုဆိုရင်လည်း နန္ဒာလှိုင်တို့မိသားစုက ဂုဏ်သရေရှိလူကြီးမင်းများ၊တာဝန်ရှိပုဂ္ဂိုလ်များနဲ့အတူ"မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ရှိ စန္ဒကူးနံ့သာကျောင်းတော်ရာကျောင်းကြီးကျောင်းတိုက် ပဓါနနာယကဆရာတော် ဘဒ္ဒန္တ ဓမ္မာစာရ (သာသနာ့ဓဇ ဓမ္မစရိယ) ဆရာတော်ကြီး၏ ခွင့်ပြုချက်ဖြင့် ကျိုက်ထီးဆောင်းအဘိုးဆရာတော်ကြီး၏ ဆန္ဒတော်နှင့်အညီ (၆၄၉) ဆူမြောက်ထီးတော်တင်လှူပူဇော်သည့် သာသနာဝင် မြန်မာပြည် ဗုဒ္ဓဂါယာ စန္ဒကူးနံ့သာကျောင်းတော်ရာစေတီတော်မြတ်ကြီးအား ရတနာစိန်ဖူးတော် ၊ ရတနာငှက်မြတ်နားတော် ၊ မကိုဋ်(၃)ဆင့်ရွှေထီးတော်ဆက်ကပ်ခြင်း၊လုံးတော်ပြည့်ရွှေရောင်စတီးသင်္ကန်းကပ်လှူခြင်း နှင့် ထီးတော်ဟောင်းကိုထီးစေတီအသစ်တည်ထားကိုးကွယ်ခြင်း မင်္ဂလာအခမ်းအနား ဒီနေ့နံနက် (၈:၁၀)နာရီတွင်ကျင်းပပြုလုပ်ခဲ့ပါတယ်"

ထီးတော်တင်ပွဲအခမ်းနားတွင် ဇေကမ ္ဘာကုမ္ပဏီ ဒု ဥက္ကဌ ဦးဇေသီဟ နဲ့ ဇနီး ဒေါ်နန္ဒာလှိုင်၊ သမီး ဇေဝတီလှိုင်၊ ဇေရတီလှိုင်၊ ဇေမဒီလှိုင် မိသားစုမှ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ရွာခိုင်ကျေးရွာရှိ ကောဏာဂုံမြတ်စွာဘုရားသီတင်းသုံးတော်မူခဲ့ဖူးတဲ့ ကျောင်းမြေနေရာတွင် တည်ထားကိုးကွယ်ခဲ့သော မဟာဃောသိတာရုံစေတီတော်ကြီးကိုပြန်လည်ပြုပြင်ရန်နှင့် ကမ်းပါးပြိုကျမှုမရှိစေရန်အတွက် မြေထိန်းနံရံတည်ဆောက်ရန် ငွေကျပ်သိန်း (၁၅၀၀) အား တိုင်းဝန်ကြီးချုပ်ထံလှူဒါန်းပေးအပ်ခဲ့တဲ့ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

Source:Nandar Hlaing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။