ပရိသတ်ကြီးရေ.. ကြည်နူးစရာ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာမို့ ပရိသတ်တွေ အားကျချစ်ခင်ရတဲ့ အနုပညာရှင်ဆယ်လီစုံတွဲလေးကတော့ အဆိုတော်အာဘွိုင်းနဲ့ မင်းသမီးချောလေး မြတ်ရတနာကျော်တို့ စုံတွဲလေးပဲ ဖြစ်ပါတယ်နော်..။

အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်တွေဖြစ်ကြသလို သမီးလေး Scarlett လေးနဲ့အတူ အေးချမ်းပြီး နွေးထွေးပြည့်စုံတဲ့ မိသားစုဘဝလေးကိုလညိး ပိုင်ဆိုင်ဖြတ်သန်းနေကြသူတွေပါပဲနော်..။

အာဘီုင်းနဲ့ မြတ်ရတနာကျော်တို့ရဲ့ ချစ်သမီးလေး Scarlett လေးကတော့ အနုပညာရှင်ရင်သွေးလေးတွေထဲမှာ အားလုံးက ချစ်ခက်နေကြရတဲ့ ပြည်သူ့အသည်းကျော်လေးပဲ ဖြစ်ပါတယ်နော်..။

အသည်းယားစရာ ပါးဖောင်းဖောင်းလေးတွေနဲ့ ချစ်စရာကောင်းလွန်းတဲ့ လေးကတော့ ပရိသတ်တွေရဲ့ မျက်စိရှေ့မှာတင် တဖြည်းဖြည်းနဲ့ ဆယ်လကျော် အရွယ်ကိုတောင် ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်နော်..။

အခုတစ်ခါမှာလည်း သားအမိ သားအဖ သုံးယောက် Adidas အကျႌလေးတွေ ဆင်တူဝတ်ပြီး အတူကစားရင်း ပျော်ရွှင်နေကြတဲ့ ကြည်နူးအားကျ ပုံရိပ်လေးတွေကလည်း ပရိသတ်တွေကို အချစ်ပိုစေပါတယ်နော်..။

ကြည်နူးပျော်ရွှင်စရာ မိသားစုပုံရိပ်လေးတွေနဲ့အတူ "မြတ်ချစ်ရတဲ့ ချစ်သူလေးနှစ်ယောက်နဲ့ဆို အချိန်တိုင်းဟာ ပြည့်စုံနေတယ်.." ဆိုပြီး ကြည်နူးအားကျစရာ မိသားစုပုံရိပ်လေးတွေကို ပြန်လည်မျှဝေလိုက်တာပဲ ဖြစ်ပါတယ်နော်..။

Photo - မြတ်ရတနာကျော်၊ Ye Min Ko

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။