ပရိသတ်တွေချစ်ခင်အားပေးရတဲ့ အကယ်ဒမီလွင်မိုးဟာဆိုရင် ယခုအချိန်မှာ အနုပညာအလုပ်တွေကိုဖြည်းဖြည်းချင်းပဲလုပ်ကိုင်တော့ပေမယ့် ပရိသတ်တွေရဲ့ ချစ်မေတ္တာကိုရရှိနေဆဲဖြစ်ပြီး အေးချမ်းတဲ့မိသားစုဘဝလေးမှာ ပျော်ရွှင်ချမ်းမြေ့စွာနေထိုင်နေတာပဲဖြစ်ပါတယ်။လွင်မိုးကတော့ သမီးချောချောလေးနှစ်ယောက်ကိုပိုင်ဆိုင်ထားပြီး အခုဆိုရင် သမီးကြီးလေးယွန်းဝတီလွင်မိုးကမွေးတဲ့ မြေးချောချောလေးကိုလည်း ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။

လွင်မိုးကတော့ မိသားစုအတွက် စီးပွားရေးကိုလည်းကြိုးစားလုပ်ကိုင်သလို ချစ်စရာမြေးလေးLiam လေးနဲ့လည်း အတူတူဆော့ကစားပေးပြီး ဂရုတစိုက်ပြုစုပျိုးထောင်ပေးနေတာပဲဖြစ်ပါတယ်။သမီးကြီးယွန်းဝတီလွင်မိုးတို့ဇနီးမောင်နှံကတော့ ရေခြားမြေခြားမှာ ပညာတွေလေ့လာဆည်းပူးပြီး အခုဆိုရင်တော့ မြန်မာပြည်ကိုအလည်ပြန်ရောက်နေတာဖြစ်ပါတယ်။ယွန်းဝတီလွင်မိုးက ပြန်လာလည်တဲ့အချိန်လေးမှာ အနုပညာအလုပ်တွေလည်းလုပ်ကိုင်နေသလို သားလေးအတွက်လည်းအချိန်အများကြီးပေးဖြစ်ပါတယ်။

ဖေဖေလွင်မိုးကလည်း သမီးကြီးကို အကြံဉာဏ်တွေပေးပြီး ဖြစ်ချင်တဲ့ဆန္ဒတွေကိုဖြည့်ဆည်းပေးနေတာဖြစ်ပါတယ်။သာယာအေးချမ်းပြီးပျော်ရွှင်စရာကောင်းတဲ့ လွင်မိုးတို့မိသားစုလေးက အခုဆိုရင်တော့ မိသားစုစုံစုံလင်လင်နဲ့ ညစာကိုအပြင်မှာထွက်စားကြပါတယ်နော်။အရမ်းအရသာရှိမယ့်အစားအသောက်တွေကို ပျော်ပျော်ပါးပါးစားသောက်နေကြပြီး သိုက်သိုက်ဝန်းဝန်းရှိလှတဲ့ မိသားစုပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

Source:Lwin Moe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။