အဆိုတော် အာဘွိုင်းကတော့ နိုင်ငံခြားမင်းသားတစ်ဦးလို ရုပ်ဖြောင့်ပြီး သီချင်းဆိုကောင်းတာကြောင့် လူငယ်ပရိသတ်တွေရဲ့ အားပေးမှုကို အတော်လေးရရှိထားသူ ဖြစ်ပါတယ်။ မင်းသမီးချောလေး မြတ်ရတနာကျော်နဲ့ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာတော့ အာဘွိုင်းတို့နှစ်ယောက်လုံးက အနုပညာအလုပ်တွေကို ရပ်နားထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပရိသတ်တွေကတော့ သူတို့ဇနီးမောင်နှံကို ချစ်ခင်ပြီး ဆက်လက်အားပေးနေကြတာ ဖြစ်ပါတယ်။

လက်ရှိမှာ အာဘွိုင်းတို့ဇနီးမောင်နှံက ချစ်စရာသမီးလေးနဲ့အတူ သာယာအေးချမ်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားပြီ ဖြစ်ပါတယ်။ ကြည်နူးစရာကောင်းတဲ့ သူတို့မိသားစုလေးကိုတော့ အားလုံးက ဝိုင်းချစ်နေရတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာလည်း အာဘွိုင်းက ဆင်တူဝတ်စုံလေးတွေနဲ့ မိသားစုလိုက် ပျော်ပျော်ပါးပါး ဈေးဝယ်ထွက်ခဲ့တဲ့ အမှတ်တရပုံလေးတွေကို မျှဝေထားပါတယ်။

အာဘွိုင်းက ''Happy 10 Months Old. Daddy and Mommy love you so much! " ဆိုပြီး ဒီနေ့မှာအသက် (၁၀)လ တိတိပြည့်သွားတဲ့သမီးလေးအတွက် မွေးနေ့ဆုတောင်းပေးထားတာလည်း တွေ့ရပါတယ်။ အာဘွိုင်းတို့မိသားစုလေးကတော့ ချစ်သမီးလေးနဲ့အတူ ပျော်ရွှင်မှုတွေ ပြည့်ဝနေတာပဲ ဖြစ်ပါတယ်။ကဲ ချစ်ပရိသတ်တွေအတွက် အာဘွိုင်းတို့မိသားစုလေးရဲ့ အားကျချင်စဖွယ်ကောင်းတဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Kyaw Phyo Tun;

Photo Credit : Ye Min Ko

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။