၂၀၁၉ အာရှယူ - ၁၉ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲအတွက် ပြင်ဆင်မူများပြုလုပ်နေသည့် မြန်မာ ယူ- ၁၉ အမျိုးသမီးအသင်းနှင့် စင်ကာပူ အမျိုးသမီး အသင်းတို့ ဇူလိုင် ၁၃ ရက်တွင် ဗပာန်းမြက်ခင်းတု ကွင်း၌ ခြေစမ်းပွဲယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာ အသင်းက ၅-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။

မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် စင်ကာပူအသင်းဘက်ကို ပွဲချိန်ပြည့် ဖိအားပေးကစားနိုင်ခဲ့ပြီး ဂိုးပြတ်အနိုင်ရရှိခဲ့ခြင်း ဖြစ်ပါတယ်။ မြန်မာ ယူ - ၁၉ အမျိုးသမီးအသင်းသည် အောက်တိုဘာလတွင် ကျင်းပမည့် အာရှ ယူ - ၁၉ ပြိုင်ပွဲ အတွက် ဇူလိုင် ၁ ရက်တွင် စတင်လေ့ကျင့်ပြီးနောက် စင်ကာပူအမျိုးသမီး အသင်းနှင့် ပထမဆုံး ခြေစမ်းပွဲ ကစားခြင်းဖြစ်ပါတယ်။

မြန်မာ ယူ- ၁၉ အမျိုးသမီးအသင်းကို နည်းပြချုပ်အဖြစ် ဒေါ်သက်သက်ဝင်းက ကိုင်တွယ်လျက်ရှိပြီး အာရှ ယူ - ၁၉ ခြေစစ်ပွဲများတွင် ခြေစွမ်းပြကစားခဲ့သည့် ကစားသမားအများစုကို အခြေခံကာ ပြင်ဆင်လေ့ကျင့်နေခြင်းဖြစ်ပါတယ်။

၂၀၁၉ အာရှယူ - ၁၉ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲကို ထိုင်းနိုင်ငံတွင် အောက်တိုဘာ ၂၇ မှ နိုဝင်ဘာ ၉ ရက် အထိ ကျင်းပသွားမည်ဖြစ်ပြီး မြန်မာ ယူ - ၁၉ အမျိုးသမီးအသင်းသည် အုပ်စု ( ခ) တွင် ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားတို့နှင့် အတူကျရောက်နေပါတယ်။ 

source:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။