မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမင်းစာရင်းမှာ အပါအဝင်ဖြစ်တဲ့ မင်းသမီးချောလေး ဖွေးဖွေးကတော့ အကယ်ဒမီ (၃) ဆုတိတိရရှိထားတဲ့ နာမည်ကျော်တစ်ဦးပဲ ဖြစ်ပါတယ်။ ဖွေးဖွေးက သရုပ်ဆောင်ပိုင်းမှာ ဇာတ်ရုပ်ကို အပိုအလိုမရှိဘဲ တိကျပိုင်နိုင်စွာ သရုပ်ဆောင်နိုင်သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဖွေးဖွေးက ဝါဂွမ်းလေးလို ဖြူဖွေးနုဖတ်တဲ့ အသားအရေလေးနဲ့ အပြစ်ကင်းစင်တဲ့ မျက်နှာလှလှလေးကို ပိုင်ဆိုင်ထားပါတယ်။

လတ်တလောမှာတော့ ဖွေးဖွေးတစ်ယောက် ပွဲအခမ်းအနားတွေ တစ်ခုပြီးတစ်ခု တက်ရောက်နေရတာ တွေ့ရပါတယ်။ ဒီနေ့ ဇူလိုင်လ (၁၃) ရက်နေ့၊ Sule Shangri-La Hotel မှာ ကျင်းပပြုလုပ်တဲ့ ''Marvel X Miniso Collaboration Press Event'' ကိုလည်း ဖွေးဖွေးက တက်ရောက်ခဲ့ပါသေးတယ်။ ဒီပွဲလေးမှာတော့ ဖွေးစိန်လေးက အနီရောင်ဖက်ရှင်နဲ့ အပြတ်အသတ်ကို ထိမိနေခဲ့တာပဲ ဖြစ်ပါတယ်။

အမြဲတမ်း ယုံကြည်မှုအပြည့်ရှိတဲ့ ဖွေးစိန်လေးတစ်ယောက် ဒီနေ့ပွဲလေးမှာ အရမ်းကိုရဲရင့်ထက်မြက်တဲ့ မိန်းမပျိုလေးအသွင်နဲ့ လူတကာအလယ်မှာ ပေါ်လွင်နေခဲ့တာ တွေ့ရပါတယ်။ ဖွေးစိန်လေးက အကြည့်တွေနဲ့တင် စူးရှတောက်ပပြီး ညို့အားပြင်းပြင်း လှနေခဲ့တာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အမိုက်စားဖက်ရှင်နဲ့ ဖွေးဖွေးရဲ့ပွဲတက်ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Phway Phway;

Photo Credit -Nay Min Tun:

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။