ပရိသတ်ကြီးရေ မင်းသမီးချောလေး နန်းမြတ်ဖြိုးသင်းကတော့ ယခုချိန်မှာ သားလေးတစ်ယောက်ကို မွေးဖွားထားပြီဖြစ်လို့ သာယာစိုပြေတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပါတယ်နော်။နန်းမြတ်ကို ပရိသတ်တွေက သူမရဲ့ ကြော်ငြာလေးတွေ ဗီဒီယိုလေးတွေကနေ စတင်အားပေးလာပြီး အခုချိန်မှာတော့ အနုပညာအလုပ်တွေ ခြေလှမ်းကျဲနေပေမယ့်လည်း အားပေးချစ်ခင်နေဆဲဖြစ်ပါတယ်နော်။

ချစ်စရာကောင်းလွန်းတဲ့ သားဦးလေး ဂျက်ဂျက်လေးကလည်း ပရိသတ်တွေရဲ့ မျက်စိရှေ့အချိန်ခဏလေးအတွင်းမှာပဲ အသက်(၂)ကျော် သွားခဲ့ပါပြီနော်။ကြည်နူးစရာမိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ နန်းမြတ်လေးကတော့ လှူဒါန်းမှုတွေ မကြာခဏပြုလုပ်ပြီး ကုသိုလ်ယူတတ်သူလေးဖြစ်ပါတယ်နော်။ ဘာသာရေးကိုင်းရှိုင်းသူတစ်ယောက်လဲဖြစ်ပြီး ဖြူစင်နူးညံ့တဲ့စိတ်ထားလေးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ မင်းသမီးချောလေးနန်းမြတ်ဖြိုးသင်းဟာ သူမခင်မင်ရတဲ့မိတ်ဆွေတစ်ဦး ဖိတ်ကြားထားတဲ့အလှူပွဲလေးကို နန်းမြတ်တို့ဇနီးမောက်နှံအတူတူတက်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။ထိုအလှူပွဲလေးမှာ နန်းမြတ်တစ်ယောက် အမြဲဖူးမျှော်ခွင့်ရဖူးချင်ခဲ့တဲ့ ပါမောက္ခချုပ်ဆရာတော်ကြီးကို ဖူးမျှော်ပြီး တရားနာကြားခွင့်ရခဲ့တဲ့အတွက် အရမ်းကိုပဲဝမ်းသာပီတိဖြစ်နေခဲ့တာပဲ ဖြစ်ပါတယ်။

သူမရဲ့စိတ်ကူးလေးပြည့်ဝသွားခဲ့ရတဲ့အတွက် နန်းမြတ်က "

ပါမောက္ခချုပ်ဆရာတော်ကြီးကို ဖူးခဲ့ရပြီ

အမြဲစိတ်ထဲကဖူးချင်နေခဲ့တာ

ဆရာတော်ကြီးသက်ရှည်ကျန်းမာပါစေ

အလှူရှင် ကိုစည်သူ+မငြိမ်းနဲ့ လာဖို့ဖိတ်တဲ့ကိုရဲ+မနန္ဒာ ကျေးဇူးအများကြီးတင်ပါတယ်"ဆိုပြီး သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြထားတာကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ရပါတယ်နော်။

Source-Nan Myat Phyo Thin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။