အိမ်ရှင်ဇနီးမယားတွေဟာ အိမ်အလုပ်တွေကို ခင်ပွန်းဖြစ်သူတွေထက် ငါးဆလောက် ပိုမိုလုပ်ကိုင်နေရတဲ့အချိန်မှာ ဂျပန်နိုင်ငံမှ အစိုးရပိုင်းတာဝန်ရှိသူနိုင်ငံရေးသမားသုံးဦးဟာ အိမ်ရှင်မတွေအတွက် တည်ထောင်ထားတဲ့ Work Life Promotion Campaignကို အလေးချိန်ရှိတဲ့ ကိုယ်ဝန်ဆောင်ဝတ်စုံတွေဝတ်ဆင်ပြီး ပါဝင်ဆင်နွဲခဲ့ပါတယ်။

၇.၃ကီလိုရှိတဲ့ ရလသားအရွယ်ကလေးကို ကိုယ်ဝန်လွယ်ထားရတာနဲ့တူညီတဲ့ ကိုယ်ဝန်ဆောင်ဝတ်စုံကို ဝတ်ဆင်ပြီး သူတို့သုံးယောက်ဟာ အိမ်အလုပ်တွေကို လုပ်ကိုင်ပေးခဲ့ပါတယ်။ ဒါကို videoရိုက်ထားပြီး လွှင့်တင်တဲ့အခါ ကိုယ်ဝန်ဆောင်ဝတ်စုံနဲ့ သူတို့သုံးယောက် အလုပ်လုပ်အပြီး ခြေကုန်လက်ပန်းကျနေတာကို တွေ့ရမှာပါ။ 

" တကယ်ကို မလွယ်ပါဘူး " လို့ ပါဝင်ဆင်နွဲခဲ့သူတစ်ဦးဖြစ်တဲ့ Tsugumasa Muraokaကနေ ပြောကြားခဲ့ပါတယ်။ "ကျွန်တော့်မိန်းမ ကျွန်တော့်ဘေးမှာ ငါးနှစ်သာအတူရှိနေပေးခဲ့တာကို အံသြမိပါတယ်။ သူ့ကို ရင်ထဲကနေ ကျေးဇူး လှိုက်​လှိုက်​လှဲလှဲတင်မိပါတယ်။ " လို့ Mutaokaကနေ ပြောကြားခဲ့ပါတယ်။

Source : nextshark

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။