ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားကြတဲ့ အသည်းကျော်အနုပညာတွေထဲမှာ MRTV-4 မင်းသမီးချောလေး ဝင့်ယမုံနိုင်ကတော့ စံမြန်းဆိုတဲ့ ဇာတ်ကောင်နာမည်လေးနဲ့ ပရိသတ်တွေရဲ့ တခဲနက် အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားသူပဲ ဖြစ်ပါတယ်။အားလုံးရဲ့ အချစ်တော်လေး ဝင့်ယမုံနိုင်ကတော့ အေးချမ်းတဲ့ အလှတရားတွေအပြင် ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေနဲ့ သရုပ်ဆောင်ပိုင်နိုင်မှုတွေကြောင့် ပရိသတ်တွေကလည်း အမြဲအချစ်ပိုနေကြတာပဲ ဖြစ်ပါတယ်နော်။

ယမုံလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ မင်းသမီးချောလေး ဝင့်ယမုံနိုင်ကတော့ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။သူမချစ်ရတဲ့ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်ရလေအောင် သူမရဲ့တနေတာလှုပ်ရှားမှုလေးတွေကို သူမရဲ့ facebook pageမှာ အမြဲတင်ပြလေ့ရှိတာပဲ ဖြစ်ပါတယ်။ပွင့်လင်းရိုးသားတဲ့ သူမရဲ့အပြုအမူလေးတွေကြောင့် ပရိသတ်ကြီးအချစ်ပိုနေရတာပဲ ဖြစ်ပါတယ်နော်။

ဒီကနေ့မှာလဲ မင်းသမီးချောလေးဝင့်ယမုံနိုင်ဟာ ရိုက်ကူးရေးပြုလုပ်ရန်အတွက် မြို့လေးတစ်မြို့မှာရောက်ရှိနေတာပဲ ဖြစ်ပါတယ်။သူမချစ်ရသူတွေနဲ့ အဝေးတနေရာကိုရောက်နေရတဲ့အတွက် အလွမ်းတွေပိုနေကြောင်း ရေးသားထားတာကို တွေ့ရမှာပဲဖြစ်ပါတယ်။သူမက "ကိုယ့်အချစ်ဟာ ဝေးလဲဝေးရော...

ကိုယ့်မနက်တွေ အလွမ်းနဲ့ပြည့်နှက်" ဆိုပြီး အပျိုကြီးမမတစ်ယာက်ရဲ့လွမ်းပိုနေတာကို ချစ်စဖွယ်ကောင်းအောင် ရေးသားထားတာကို Myanmarload ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ရပါတယ်နော်။

Photos-Wint Yamon Naing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။