အိချောပိုဟာဆိုရင် အနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်စွာလျှောက်လှမ်းနေပြီး ပရိသတ်တွေ အချစ်မပေါ့သွားအောင်လည်း အမြဲကြိုးစားနေသူတစ်ယောက်ပါ...။ ရုပ်ရှင်ဇာတ်ကားမှာသာမကပဲ ဇာတ်ကားကြီးတွေမှာပါ သဘာဝကျကျ ဇာတ်ရုပ်ပိုင်နိုင်စွာ သရုပ်ဆောင်ခဲ့တဲ့ အိချောပိုဟာဆိုရင် ဘဝကြီးကို တစ်ယောက်ထဲ လွတ်လွတ်လပ်လပ် အေးချမ်းစွာ ဖြတ်သန်းနေသူတစ်ယောက်ပဲဖြစ်ပါတယ်..။ စူစူလို့ ပရိသတ်အများကချစ်စနိုးနဲ့ ခေါ်ကြတာလည်းဖြစ်ပါတယ်..။

အိချောပိုဟာ မော်ဒယ်လ်၊ သရုပ်ဆောင်တစ်ယောက်လည်းဖြစ်ပြီး ကြော်ငြာတွေ၊ မဂ္ဂဇင်းတွေကိုလည်းလက်ခံရိုက်ကူးခဲ့တာဖြစ်ပါတယ်..။ ကောက်ကြောင်းလှတဲ့သူမကို မြန်မာဝတ်စုံလေးတွေနဲ့ ပံ့ပိုးလိုက်ပြီဆိုလျှင် မျက်လုံးထဲကမထွက်အောင် သူမရဲ့ အလှအပ တွေကထင်ကျန်ရစ်နေတာဖြစ်ပါတယ်..။ မိန်းမသားပီပီ ခရီးသွားဝါသနာပါပြီး သဲသောင်ပြင်နဲ့ ကမ်းခြေထက်က အမှတ်တရပုံရိပ်အချို့ဟာဆိုရင် ရှုမဝပင်ဖြစ်နေပါတယ်...။

မောင်လေးတွေရဲ့ မမလို့လည်းပြောလို့ရပြီး ကိုကိုတွေရဲ့ ညလေးအဖြစ်လည်း ဆိုစမှတ်ပြုရလောက်အောင် နာမည်ကြီးလူကြိုက်များတဲ့ အိချောပိုဟာဆိုရင် ဘက်စံထူးချွန်သူတစ်ယောက်လို့ပြောရမှာပါ..။ တေးသီချင်းတွေနဲ့ မြန်မာ့ရိုးရာ ပွဲလမ်းသဘင်တွေမှာ ဖျော်ဖြေခဲ့တာကိုလည်း တတိုင်းပြည်လုံးရှိပရိသတ်တွေက် နားထောင်ခံစားပြီး ဖြစ်ကြမှာပါ...။ အခုတစ်ခါမှာဆိုရင်လည်း အိပ်ခါနီး ရိုက်ကူးထားတဲ့ အလှပုံရိပ်လေးတွေကို ထုတ်ဖော်ပြသထားတာဖြစ်ပြီး Myanmarload ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်..။

Source Ei Chaw Po 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။