ဘောလုံးရာသီတွေနားနေခဲ့တာကြာပြီဖြစ်ပြီးမကြာခင်လပိုင်းအတွင်းမှာ ရာသီသစ်ပြန်စတော့မှာဖြစ်တာကြောင့်အသင်းတိုင်းဟာကစားသမားအစုံအလင်နဲ့လေ့ကျင့်ခန်းတွေလုပ်နေကြပြီဖြစ်ပါတယ်။အပြောင်းအရွေ့တွေဟာလည်းရာသီပြန်စဖို့နီးကပ်တာနဲ့အမျှပိုမိုစိတ်စိတ်စားနေကြတဲ့အချိန်ကိုရောက်ရှိနေပြီဖြစ်ပါတယ်။

အသင်းတွေဟာကစားသမားအသစ်တွေနဲ့ခုချိန်မှာ လေ့ကျင်းခန်းတွေဆင်းပြီးရာသီကြိုခြေစမ်းပွဲတွေကစားနေကြပြီဖြစ်ပါတယ်။ခုမှာလည်းကမ္ဘာကျော်အကောင်းဆုံးတိုက်စစ်မှူးဖြစ်တဲ့ဂျူဗင်တပ်တိုက်စစ်မှူးရော်နယ်ဒိုဟာအသင်းနဲ့မနေ့ကပထမဆုံးလေ့ကျင့်ခန်းပြန်ဆင်းခဲ့ပါတယ်။အဆိုပါရော်နယ်ဒိုရဲ့အသင်းနဲ့တူတူလေ့ကျင့်ခန်းဆင်းတဲ့အချိန်မှာလည်းပရိသတ်တွေလည်းတစ်ခဲနက်လာရောက်အားပေးခဲ့ပါတယ်။

ရော်နယ်ဒိုဟာပြီးခဲ့တဲ့ရာသီကမှဂျူဗင်တပ်အသင်းကိုပြောင်းရွေ့လာခဲ့တာဖြစ်ပြီးခြေစွမ်းပြဂိုးသွင်းကာဆုဖလားတွေယူဆောင်ပေးနိုင်တာပါ။ခုနှစ်မှာလည်းဂျူဗင်တပ်အသင်းဟာနည်းပြသစ်ဆာရီကိုခန့်အပ်ပြီးချန်ပီယံလိဒ်အောင်မြင်မှုရဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။ဒါကြောင့်ရာသီမစခင်တည်းကပျော်ပျော်ရွှင်ရွှင်နဲ့အားကြိုးမာန်တက်လေ့ကျင့်ခန်းဆင်းနေတဲ့ရော်နယ်ဒိုရဲ့ပုံရိပ်တွေကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

Source:Cristiano Ronaldo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။