စပိန်ထိပ်သီးဘာစီလိုနာအသင်းဟာအက်သလက်တီကိုအသင်းရဲ့ကစားသမား ဂရစ်စမန်းကိုကမ္ဘာ့စံချိန်တင်ပြောင်းရွေ့ကြေးနဲ့ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ဘာစီလိုနာအသင်းဟာဂရစ်စမန်းကိုခေါ်ယူဖို့ပြီးခဲ့တဲ့လတွေကလည်းကြိုးစားခဲ့ပေမယ့် အပြောင်းအရွေ့ကကြာနေခဲ့တာဖြစ်ပါတယ်။ဂရစ်စမန်းကတော့ဘာစီလိုနာအသင်းကိုပေါင်၁၀၈သန်းနဲ့ရောက်ရှိလာခဲ့ပါတယ်။

ဂရစ်စမန်းကတော့ နေမာ၊မက်ပီတို့ပြီးတဲ့နောက်မှာ ပြောင်းရွေ့ကြေးအများဆုံးဖြစ်လာခဲ့ပါတယ်။ဘာစီလိုနာအသင်းဟာဒီနှစ်ရာသီမှာ ကစားသမားကောင်းတွေကိုခေါ်ယူထားပြီးလူငယ်ကစားသမား ဒီဂျောင်ကိုပါခေါ်ယူအားဖြည့်ထားတာဖြစ်ပါတယ်။ဥရောပမှာအောင်မြင်မှုတွေရဖို့လာမယ့်ရာသီသစ်မှာအကောင်းဆုံးပြင်ဆင်မှုတွေလုပ်နေတာဖြစ်ပါတယ်။

ဂရစ်စမန်းကလည်းကမ္ဘာကျော်ကစားသမားမက်ဆီနဲ့တူတူတွဲကစားရမှာဖြစ်တာကြောင့်စိတ်လှုပ်ရှားကြောင်းပြောကြားသွားခဲ့ပါတယ်။ဂရစ်စမန်းကတော့ အက်သလက်တီကိုအသင်းမှာ ၅နှစ်ကျော်ကြာကစားခဲ့တာဖြစ်ပါတယ်။ကမ္ဘာ့အကောင်းဆုံးကစားသမားတွေကိုစံချိန်တင်ပြောင်းရွေ့ကြေးတွေနဲ့ခေါ်ယူထားတဲ့ဘာစီလိုနာအသင်းရာသီသစ်မှာဘယ်လိုအောင်မြင်မှုတွေယူမလဲဆိုတာစောင့်ကြည့်ရင်းမိသားစုနဲ့တူတူပြောင်းရွေ့လာတဲ့ဂရစ်စမန်းရဲ့ videoလေးကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

Source:Fc Barcelona

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။