လေးရက်လောက်အချိန်ကာလလေးအတွင်းမှာ Selena Gomez ရဲ့ Instagram အကောင့်မှာ သူတို့နှစ်ယောက်တွဲတင်ထားတဲ့ပုံက ယခုသူမအကောင့်မှာ လူကြိုက်အများဆုံးပုံတစ်ပုံဖြစ်လာခဲ့ပါတယ်။ ယခုဆို ၆.၉ မီလီယံ likes ရထားပြီး ပုံစစတင်ချင်း နာရီအနည်းအတွင်းမှာကို ၁ မီလီယံကျော် ရရှိခဲ့တာပေါ့။ ဒါဟာ Instagram ပေါ်မှာ followers အများဆုံးဖြစ်တဲ့ Selena Gomez ရဲ့စွမ်းအင်တစ်ခုပဲ။

Coke ကြော်ငြာတုန်းက သူမရိုက်ထားတဲ့ပုံမှာ ၆.၆. မီလီယံ Likes ရထားပါတယ်။ Beyoncé က Instgram ပေါ်မှာ သူမအမွှာကိုယ်ဝန်ရထားကြောင်း မတင်ခင်အထိ အဲဲ့ပုံမှာ Instragram ပေါ်မှာ likes အများဆုံး ဖြစ်ခဲ့တဲ့ ပုံပါ။

ဒါပေမယ့် အခုတော့ Beyoncé က likes ၁၀.၉ မီလီယံနဲ့ နံပါတ် ၁ ရှေ့ပြေးနေသူပေါ့။

Source : MODA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။