ပရိသတ်ကြီးရေ အနုပညာအလုပ်တွေကို ဆယ်စုနှစ်ကျော်တိုင်အောင် လုပ်ကိုင်ရင်း အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်အဖြစ်ရပ်တည်နေတာကတော့ ပြည်သူချစ်မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းပဲ ဖြစ်ပါတယ်။ သူမကတော့ လှပတဲ့မျက်ဝန်းတွေကိုပိုင်ဆိုင်ထားတဲ့ အရမ်းလှတဲ့ မော်ဒယ် မင်းသမီး ချောလေး တစ်ယောက်ဖြစ်ပြီး သူမရဲ့သားလေးကလည်း မအေတူ သားချောလေးဘဲဖြစ်ပါတယ် ။ Peach လေးကလည်း မေမေ့လို လှပတဲ့မျက်ဝန်း တွေ နဲ့အရမ်းကိုချစ်စရာကောင်းတဲ့ကလေးလေးပါ ။
သဉ္ဇာဟာ သူမရဲ့လူမှုကွန်ယက် စာမျက်နှာကနေ သားသား ရဲ့ လှုပ်ရှားမှုပုံရိပ်တွေကို အမြဲတမ်းမျှဝေပေးနေ ကြဘဲ ဖြစ်ပါတယ် ။ ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ သဉ္ဇာကတော့ သားသား လေး မွေးပြီး နောက်ပိုင်း အိမ်စီးပွားရေးတစ်ဖက်နဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေတဲ့ သရုပ်ဆောင်တစ်ယောက်ပါ ။ သားသား ဝေယျာဝစ္စ တွေနဲ့ သူမရဲ့ အနုပညာအလုပ်တွေကြားမှာ မအားလပ်အောင် အလုပ်တွေရှုပ်နေခဲ့တာပါ ။
အခုတစ်ခေါက်မှာလည်း Sunkist သီးစားချင်လို့ မေမေကိုချွဲနေတဲ့ Peach Lay ရဲ့ဗီဒီယိုလေးကိုဝေမျှလိုက်ပြန်တာပဲ ဖြစ်ပါတယ်။ ကြည့်နေရင်းနဲ့အသည်းယားပြီးချစ်သွားစေမယ့် သားလေးရဲ့ဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။
Source- Thinzar Nwe Win
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။