ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်တဲ့ အဆိုတော်စန္ဒီမြင့်လွင်ကတော့ တေးသီချင်းလောကမှာအောင်မြင်မှုတွေရရှိနေတဲ့အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်နော်။သူငယ်ချင်းမိတ်ဆွေတွေနဲ့ ပရိသတ်တွေကတော့ စန္ဒီမြင့်လွင်ကို ဒီးဒီလို့ ချစ်စနိုးခေါ်ဝေါ်ကြကာ စိတ်ထားမွန်မြတ်ပြီး သဘောမနောကောင်းတဲ့သူတစ်ယောက်ဖြစ်လို့ လူချစ်လူခင်လည်းပေါများပါတယ်နော်။ဒီးဒီကတော့ ချစ်ရတဲ့သူနဲ့နှစ်ကိုယ်တူဘဝလေးကိုတည်ဆောက်ထားပြီး ပျော်ရွှင်ချမ်းမြေ့စွာနေထိုင်နေတာဖြစ်ပါတယ်။

စန္ဒီမြင့်လွင်ရဲ့ ချစ်ခင်ပွန်းကလည်း ချစ်ဇနီးလေးကို အရမ်းချစ်ပြီးကြင်နာယုယကာ မျက်နှာလေးတစ်ချက်မညှိုးအောင်ထားပေးပြီး အမြဲစိတ်ချမ်းသာစေတဲ့ခင်ပွန်းကောင်းပါနော်။ဒီးဒီကတော့ သမီးလေးကိုယ်ဝန်ကိုလွယ်ထားရပြီး သေချာဂရုတစိုက်နဲ့နေထိုင်ရင်း ယောကျာ်းရဲ့ဂရုစိုက်မှုတွေအောက်မှာပျော်ရွှင်ချမ်းမြေ့နေတာပဲဖြစ်ပါတယ်။သမီးဦးလေးရဲ့ နာမည်ကို မမွေးဖွားခင်ကတည်း Treasure လို့ချစ်စရာနာမည်လေးပေးထားပါတယ်နော်။

ဒီကနေ့ တနင်္ဂနွေနေ့ 12:45:28 seconds မှာ မေမေစန္ဒီမြင့်လွင်က ပထမဦးဆုံး သမီးဦးလေး Treasure ကိုအောင်မြင်စွာ မွေးဖွားလိုက်နိုင်ခဲ့ပါတယ်နော်။သမီးဦးလေး Treasureကလည်း မေမေ၊ဖေဖေနဲ့ မျက်နှာပေါက်လေးဆင်ပြီး ဖြူဖွေးဥနေကာ မွေးစကတည်းက ချစ်စမွှေးလေးပါနေပါတယ်နော်။ပရိသတ်ကြီးလည်း စန္ဒီမြင့်လွင်ရဲ့ ပထမဆုံးရင်သွေးရတနာသမီးချောချောလေးကို မြင်တွေ့ရအောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Source:Thiha Lwin/Thidar Khin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။