ပရိသတ်အချစ်တော်တစ်ယောက်ဖြစ်တဲ့ကမ္ဘာကျော်ကစားသမားမက်ဆီကတော့ဘောလုံးရာသီတွေပြန်စဖို့သိပ်မလိုခင်မှာ ချစ်ဇနီးလေးနဲ့အပန်းဖြေနေတာဖြစ်ပါတယ်။ဘောလုံးရာသီပြီးဆုံးချိန်တစ်ခြားနာမည်ကျော်ကစားသမားတွေဟာခရီးတွေထွက်အပန်းဖြေနေပေမယ့်မက်ဆီကတော့ နိုင်ငံအသင်းအတွက်ကိုပါပွဲဝင်ရောက်ကစားနေရတာဖြစ်ပါတယ်။

ကိုပါအမေရိကပြိုင်ပွဲကြီးပြီးမှသာခုလိုခရီးထွက်အပန်းဖြေနိုင်တာလည်းဖြစ်ပါတယ်။မက်ဆီကတော့ချစ်ဇနီးလေးနဲ့တူတူကမ်းခြေမှာအပြတ်လန်းနေတာဖြစ်ပါတယ်။မက်ဆီဟာကမ္ဘာကျော်ကစားသမားတစ်ယောက်လည်းဖြစ်ပြီးဇနီးအပေါ်လည်းသစွာရှိချစ်တာကြောင့်ပရိသတ်တွေအားကျနေရတဲ့ကစားသမားလည်းဖြစ်ပါတယ်။မက်ဆီဟာရာသီသစ်မစခင်ခုလိုအပန်းဖြေနေတာကလည်းအားအင်တစ်ရပ်ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းကလည်းရာသီသစ်အတွက်ကစားသမားကောင်းတွေဝယ်ယူပြီးအသင်းကိုတည်ဆောက်နေတာဖြစ်ပါတယ်။ရာသီသစ်မစခင်မှာခြေစမ်းပွဲတွေကစားဖို့ရှိနေတာဖြစ်ပြီး မက်ဆီလည်းပါဝင်ဖို့ရှိနေတာပါ။မက်ဆီဟာနိုင်ငံအသင်းမှာခြေစွမ်းထင်သလောက်မပြနိုင်တာကြောင့်ဝေဖန်မှုတွေရှိနေတာဖြစ်ပြီး လာမယ့်ရာသီသစ်မှာရောခြေစွမ်းတွေပြနိုင်မလားဆိုတာစောင့်ကြည့်ရင်းချစ်ဇနီးလေးနဲ့ပျော်ရွှင်နေတဲ့ပုံရိပ်လေးကိုလည်းတင်ဆက်ပေးလိုက်ရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။