အနုပညာလောကမှာ ပရိသတ်အချစ်တွေနဲ့ လျှောက်လှမ်းနေသူလေးကတော့ မင်းသမီးချောလေးစန္ဒီမြင့်လွင်ပဲ ဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင်ဘက်တွင်သာမကပဲ အဆိုဘက်မှာပါ နာမည်ကြီးလူကြိုက်များသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ဒီးဒီဟာ ယခုအချိန်မှာ အနုပညာအလုပ်တွေသိပ်မလုပ်တော့ပင်မယ့် ပရိသတ်တွေကတော့ချစ်ခင်နေကြဆဲပါ။

အိမ်ထောင်ကျသွားပြီးနောက်ပိုင်း အနုပညာအလုပ်တွေအရင်ကလောက်မလုပ်တော့ပင်မဲ့လည်း အချိန်ရသလိုပရိသတ်ကြီးအတွက် အနုပညာအလုပ်တွေလုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ ဒီးဒီကတော့ ခင်ပွန်းသည်ရဲ့ဂရုစိုက်ချစ်ခင်မှုတွေကြောင့်ပျော်ရွှင်နေရတာလည်းဖြစ်ပါတယ်။ 

ဒီနေ့လေးကတော့ မေမေစန္ဒီမြင့်လွင်ကတော့ သူမရဲ့ပထမဆုံးသမီးလေး Treasure လးကိုမွေးဖွားခဲ့ပြီပဲဖြစ်ပါတယ်။ သမီးလေးကလည်း အရမ်းကိုချစ်ဖို့ကောင်းပြီး အနုပညာရှင်များကလည်းသူမကိုဂုဏ်ပြုစကားများပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

သမီးလေးကိုတော့ ဒီနေ့နေ့လည် ၁၂နာရီ၄၅မိနစ် ၂၈ စက္ကန့်မှာမွေးဖွားခဲ့တာပါ။ ဒီးဒီရဲ့မိခင်ဖြစ်သူရဲ့လူမှုကွန်ယက်စာမျက်နှာတွင်လည်း " Happy Birthday မြေးမလေးထရက်ရှာကိုအောင်မြင်စွာမွေးဖွားပီးပါပီဖွားဖွားကြီးရဲ့ရင်တုန်မှုကိုပြောမပြတတ်အောင်ပါပဲ

မေမေရောသမီးလေးပါကျန်းမာကြပါတယ်

ဖအေနဲ့တပုံစံထဲရှင့်

ခွဲခန်းထဲထိလိုက်ပါစောင့်ရှောက်တဲ့တူမကြီးစိုးစိုးကျေးဇူးပါ တနင်္ဂနွေသမီးလေးပါရှင့် " ဆိုပြီးဝေမျှထားတာပါ။ သမီးလေးရဲ့ချစ်စရာကောင်းတဲ့ပုံရိပ်လေးတွေကိုတင်ဆက်ပေးလိုက်ပါတယ်နော်။

Photo - Thida Khin And Soe Pyae Thazin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။