ဘယာကိုတကယ်ပဲအချိန်ပြည့်ဝတ်ထားသင့်ရဲ့လား။ တကယ်လို့ အချိန်ပြည့်ဝတ်ထားမယ်ဆို ဘာဖြစ်လာနိုင်သလဲ..

Bra ကို အချိန်ပြည့်မဝတ်သင့်တဲ့ အကောင်းဆုံးအကြောင်းပြချက်ကတော့ သင် လုံးဝ လွတ်လပ်သွားပါလိမ့်မယ်။ သင့်ကို တစ်စုံတစ်ခုက ချုပ်ကိုင်ထားသလို မလွတ်မလပ်ခံစားရတဲ့ ခံစားချက်ရဲ့ အဓိကတရားခံကတော့ သင်ဝတ်ထားတဲ့ Bra ကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။ အထူးသဖြင့် အခုလို ပူအိုက်ကျွမ်းလောင်နေတဲ့ နွေရာသီမျိုးမှာ အပြင်ကနေပြန်ရောက်တာနဲ့ Bra ကို ချွတ်ထားသင့်ပါတယ်။

သင်က ချောမောလှပတဲ့မိန်းကလေးတစ်ယောက်ပါ။ ပြစ်မျိုးမှဲ့မထင်ကိုယ်ခန္ဓာကို ရရှိဖို့အတွက် Bra ကို ချွတ်ချိန်တန် ချွတ်ပေးပါ။ ဘာဖြစ်လို့လဲဆိုရင် Bra ကို အချိန်ပြည့်ဝတ်ထားခြင်းအားဖြင့် သင့်ရဲ့နောက်ကျောနဲ့ ရင်ဘတ်တွေမှာ Bra ကြိုးရာတွေနဲ့ ကံမကောင်းရင် အသားမာဒဏ်ရာတွေပါ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် မဝတ်မဖြစ် အချိန်ကြာကြာဝတ်ရတော့မယ်ဆိုရင်လည်း Bra ကြိုးတွေကို ပျော့ပျောင်းတဲ့အနေအထားရောက်တဲ့အထိ လျှော့ချထားသင့်တယ်လို့ အကြံပေးချင်ပါတယ်။

သင်တို့ကို ကြပ်ကြပ်မတ်မတ်သတိပေးချင်တာကတော့ အိပ်ရာဝင်တဲ့အချိန်မှာ Bra ကို လုံးဝလုံးဝချွတ်ထားဖို့ပါပဲ။ ညဖက်တွေမှာ ကောင်းမွန်စွာအိပ်မပျော်အောင် ဒုက္ခပေးနေတဲ့ အဓိကတရားခံကတော့ ကော်ဖီတစ်ခွက်မဟုတ်ပါဘူးနော်။ သူမှသူပါပဲ။ Bra ကို ဝတ်အိပ်ခြင်းအားဖြင့် သင့်အတွက် ဘာကောင်းကျိုးမှ ရရှိမှာ မဟုတ်ပါဘူး။

ကျန်းမာရေးရှုထောင့်ကကြည့်မယ်ဆိုရင်လည်း Bra ချွတ်လိုက်တဲ့အချိန်မှာ ရင်သားမှာရှိတဲ့သွေးကြောတွေရဲ့သွေးလှည့်ပတ်မှုက ပိုမိုကောင်းမွန်လာမှာဖြစ်ပြီး အသက်ရှူလမ်းကြောင်းကိုလည်း ပိုမိုအထောက်အပံ့ဖြစ်ပါတယ်။ တစ်ကိုယ်ရည်သန့်ရှင်းရေးအနေနဲ့ဆိုရင်လည်း ချွေးနဲ့ ကိုယ်တွင်းနံ့တွေက Bra ဝတ်ထားတဲ့အခါ ပိုမိုထွက်နေမှာမို့လို့ ဂရုစိုက်သင့်ပါတယ်။

Bra ကို အချိန်ပြည့်မဝတ်လို့ သင့်ရဲ့ရင်သားနှစ်မွှာ လျှော့ရဲပုံပျက်သွားမှာ စိုးရိမ်နေပါသလား။ ဒီဘက်ခေတ်မှာ Bra ဝတ်ဖို့အတွက် အချိန်တွေစီမံခန့်ခွဲဖို့ကတော့ လုံးဝလိုအပ်နေပါပြီနော်။ ဒါပေမယ့်လည်း သင့်ရဲ့ ကျန်းမာရေးနဲ့ သင့်ရဲ့ လွတ်လပ်မှုအတွက် သင် ဦးစားပေးမလား။ ဒါကတော့ သင့်ရဲ့ ရွေးချယ်မှုပဲဖြစ်ပါတယ်ရှင်။

Source : MODA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။