ရစ်ရစ်လို့ပရိသတ်အများကချစ်စနိုးနဲ့ခေါ်ကြတဲ့ sexy model နွယ်နွယ်ထွန်းကိုအထူးတလည်မိတ်ဆက်ပေးစရာမလိုဖူးထင်ပါတယ်နော်..။ သူမရဲ့ချစ်ဖို့ကောင်းတဲ့ မျက်နှာထားနဲ့ လူတိုင်းအပေါ်ရိုးသားခင်မင်စွာ ပေါင်းသင်းဆက်ဆံတက်သူဖြစ်ပြီး တိုင်းရင်းသူ၊ တိုင်းရင်းသားတွေအပေါ်မှာလည်း မခွဲခြားဘဲ ဆက်ဆံတက်တဲ့အတွက်ကြောင့်တစ်နေ့ထက်တစ်နေ့ အချစ်တွေပိုလာရတာပါ...။

ခေတ်ရေစီးကြောင်းအလိုက် အတိုအပြတ်တွေဝတ်စားဆင်ယင်တက်ပေမယ့် မြန်မာ့ရိုးရာဝတ်စုံလေးတွေနဲ့လည်း လုံးဝကျက်သရေရှိလိုက်ဖက်တာကိုမြင်တွေ့ရမှာပါ..။ ခရီးသွားဝါသနာပါသူဖြစ်ပြီး စာဖတ်ဝါသနာပါသူတစ်ယောက်ဖြစ်တာမလို့ ပညာရေးကိုလည်းအလေးပေးကြောင်းတွေ့ရှိရမှာပါ။ ရစ်ရစ်ကတော့ အမဖြစ်တဲ့ မော်ဒယ်လ်မိုးမြင့်သဇင်နဲ့အတူ ပရဟိတ လုပ်ငန်းတွေကိုလည်း စိတ်ရောကိုယ်ပါနှစ်ပြီး ကုသိုလ်ယူဒါနပြုခဲ့ကြတာကို မုဒိတာပွားဖွယ်အားပေးကြရမှာပါ...။

နွယ်နွယ်ထွန်းဟာ ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာဖြစ်တဲ့ facebook ပေါ်တွင် သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကိုအစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်..။ အခုတစ်ခါမှာဆိုရင်လည်း "မင်းမရှိတဲ့အရပ်မှာနေထိုင်ရတာ ဘယ်ပျော်မလဲ" ဆိုတဲ့ status လေး နဲ့တကွ အလှပုံရိပ်လေးတွေကိုထုတ်ဖော်ပြသထားပြီး Myanmarload ပရိသတ်ကြီး အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်..။

Source Nwe Nwe Tun 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။