ဟာသမင်းသမီးလေးအဖြစ် ပရိသတ်တွေအားလုံးရဲ့အားပေးဝန်းရံမှုကို ရရှိထားသူလေးကတော့ သရုပ်ဆောင် ဖြူဖြူထွေးပဲ ဖြစ်ပါတယ်။ နာမည်လေးနဲ့လိုက်အောင် ရိုးသားဖြူစင်ပြီး ပျော်ပျော်နေတတ်တဲ့ ဖြူဖြူထွေးက အများကိုရယ်မောပျော်ရွှင်သွားအောင် ဖန်တီးပေးနိုင်သူ ဖြစ်ပါတယ်။ ဒါ့အပြင် ဖြူဖြူထွေးက ကိုယ်ဝါသနာပါတဲ့ အနုပညာအလုပ်နဲ့ မိဘကို လုပ်ကျွေးပြုစုနေတဲ့ သမီးလိမ္မာလေးလည်း ဖြစ်ပါတယ်။

ကြော်ငြာလေးတွေ အများဆုံးလက်ခံရိုက်ကူးနေရတဲ့ ဖြူဖြူထွေးက ပရိသတ်တွေအတွက် Tik Tok ဗီဒီယိုလေးတွေကိုလည်း အဆက်မပြတ် တင်ဆက်ပေးနေတာ ဖြစ်ပါတယ်။ အခုလည်း ဖြူဖြူထွေးက ရွာက ကလေးအုပ်စုနဲ့အတူ သရုပ်ဆောင်ရိုက်ကူးထားတဲ့ ဟာသဗီဒီယိုလေးကို တင်ထားပါတယ်။ ဒီဗီဒီယိုလေးမှာတော့ ဖြူဖြူထွေးတစ်ယောက် ကလေးတွေကြောင့် ကြောက်ကြောက်လန့်လန့်နဲ့ ထွက်ပြေးခဲ့ရတာ ဖြစ်ပါတယ်။

ဖြူဖြူထွေးက လမ်းလျှောက်နေရင်း ကလေးတစ်ယောက်နဲ့ မတော်တဆတိုက်မိရာမှ ပြန်ရန်တွေ့ဖို့ကြည့်လိုက်တဲ့အခါမှာ ထင်ထားသလိုမဖြစ်လာတဲ့အတွက် လာရာလမ်းအတိုင်းလှည့်ပြန်ခဲ့ရတာပဲ ဖြစ်ပါတယ်။ ဟာသအမြင်နဲ့ အပျော်တမ်းရိုက်ကူးထားတဲ့ ဒီဗီဒီယိုလေးကိုတော့ ဖြူဖြူထွေးက '' ကလေးတို့ရယ် ကြောက်ပါတယ်ဆိုမှ '' ဆိုပြီး တင်ထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဖြူဖြူထွေးရဲ့ အခွီတလိုင်း ဟာသဗီဒီယိုအသစ်လေးကို အောက်မှာတင်ဆက်ပေးလိုက်ပါတယ်နော် ။

Source: Phyu Phyu Htwe;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။