ဂရစ်ဇ်မန်း ကိုယ်တိုင်က အေတီကို ကနေ ထွက်ခွာတော့မယ့် အကြောင်း တရားဝင် အတည်ပြုလိုက်လို့ ဘောလုံး ပရိသတ်တွေ အကြား တော်တော်လေး ရေပန်းစားသွားခဲ့ပါတယ်။လက်ရှိ အချိန်ထိ ဂရစ်ဇ်မန်း ကို ခေါ်ယူဖို့ ယူနိုက်တက် ၊ ပီအက်စ်ဂျီ တို့က သတင်းတွေ ပေါ်ထွက်နေသည့်တိုင်အောင် ကစားသမားဟာ ဘာစီလိုနာ ကို သေချာပေါက် ပြောင်းရွှေ့မှာ ဖြစ်တယ်လို့ အခိုင်အမာ ဆိုနေကြပါတယ်။

ယခုမှာတော့ အစောပိုင်းက သတင်းတွေထွက်ပေါ်နေတဲ့အတိုင်း ဂရစ်ဇ်မန်းဟာ အက်သလက်တီကို မက်ဒရစ်အသင်းကနေ ဘာစီလိုနာကိရောက်ရှိလာခဲ့ပါတယ်။ အက်သလက်တီကို မက်ဒရစ်အသင်းအတွက် ယူရိုပါလိဂ်အပါအဝင် ဖလား ၃ ခု ရယူပေးနိုင်တဲ့အပြင် ပြင်သစ်အသင်းနဲ့လည်း ကမ္ဘာ့ဖလားရရှိခဲ့တဲ့ ဂရစ်ဇ်မန်းဟာ ပေါင် ၁၀၈ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး ငါးနှစ်သက်တမ်းရှိတဲ့ စာချုပ်ချုပ်ဆိုနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဂရစ်ဇ်မန်းဟာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတဦးဖြစ်တဲ့ လီယွန်နယ်မက်ဆီနဲ့ တွဲဖက်ကစားရမှာကို စိတ်လှုပ်ရှားနေပြီး ဘာစီလိုနာအသင်းကို ပိုပြီးကြီးကျယ်ခမ်းနားတဲ့ အသင်းဖြစ်အောင်ကူညီနိုင်ဖို့ မျှော်လင့်တယ်လို့ အသင်းကိုပြောင်းရွှေ့လာခဲ့တဲ့ အန်တိုနီဂရစ်ဇ်မန်းက ပြောကြားလိုက်ပါတယ်။

source: ဘာစီလိုနာ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။