ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်တဲ့ နေမင်းကတော့ ရိုးသားပြီးသဘောမနောကောင်းတဲ့မင်းသားတစ်လက်ပါနော်။မြန်မာဆန်တဲ့သဘာဝရုပ်ရည်ကိုပိုင်ဆိုင်ပြီး ရိုးရှင်းစွာနေထိုင်တတ်သူတစ်ယောက်ဖြစ်လို့ ပျိုမဒီလေးတွေက နေမင်းကို သည်းသည်းလှုပ်အားပေးနေကြတာဖြစ်ပါတယ်။နေမင်းကတော့ အနုပညာလောကထဲကိုဝင်ရောက်လာတာလည်းကြာနေပြီဖြစ်ပြီး ယနေ့အချိန်ထိ အနုပညာအလုပ်တွေကိုတစိုက်မက်မက်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။

နေမင်းကတော့ လက်တလောမှာ မေးရိုးခွဲစိတ်မှုကိုပြုလုပ်ထားပြီး ချစ်တဲ့ပရိသတ်တွေကိုလည်း ခွဲစိတ်မှုပြုလုပ်ထားတာကို ပွင့်ပွင့်လင်းလင်းပြောပြထားတာဖြစ်ပါတယ်။အခုဆိုရင်တော့ မင်းသားချောလေးနေမင်းက အရင်ထက်ပိုခန့်ညားလာပြီး ချောမောပြေပြစ်လာတာကို ပရိသတ်ကြီးလည်းတွေ့မြင်နေရမှာပါနော်။နေမင်းရဲ့ဖော်ရွေတဲ့စိတ်ထားလေးနဲ့ ပွင်းလင်းစွာပြောဆိုတတ်ပုံလေးတွေကို ပရိသတ်တွေကချစ်နေရတာဖြစ်ပါတယ်။

အခုဆိုရင်တော့ နေမင်းက အနုပညာမောင်နှမတွေဖြစ်တဲ့ ဆုပန်ထွာ ဖူးစုံတို့အပါအဝင် တခြားမိတ်ဆွေသူငယ်ချင်းတွေနဲ့ ပုဂံဘက်ကို ခရီးထွက်နေတာဖြစ်ပါတယ်။နေမင်းကတော့ ပုဂံမြို့ရဲ့ သမိုင်းဝင်ဘုရားတွေကို ဖူးမျှော်ဦးခိုက်ရင်း နေရာအနှံကိုလျှောက်လည်နေပါတော့တယ်။နေမင်းက မြန်မာ့အငွေ့အသက်တွေရှိတဲ့ပုဂံမှာ မြန်မာ့ရိုးရာသနပ်ခါးလေးကိုလိမ်းပြီး မြန်မာဆန်နေတဲ့ပုံရိပ်လေးတွေကိုမျှဝေပေးလိုက်ပါတယ်နော်။

Source:Nay Min

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။