MPT Myanmar National League 2019 ပွဲစဉ် (၁၆) မှာ ရန်ကုန်ယူနိုက်တက်အသင်းက ဇွဲကပင်ယူနိုက်တက်အသင်းကို YUSC ကွင်းမှာ တစ်ဂိုး၊ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို ဆက်လက်ရယူနိုင်ခဲ့ပါတယ်။ ရန်ကုန် ယူနိုက်တက် အသင်း နဲ့ ဇွဲကပင်အသင်းတို့ဟာ ပထမအကျော့မှာ တစ်ဖက် တစ်ဂိုးစီနဲ့ သရေရလဒ် ရရှိခဲ့တာကြောင့် ဒုတိယအကျော့ ပြိုင်ပွဲမှာ အနိုင်ရလဒ်အတွက် ဘယ်လိုတွေ ယှဉ်ပြိုင်သွားမလဲ ဆိုတာစိတ်ဝင်စားစရာဖြစ်ခဲ့ပါတယ်။

ယနေ့ပွဲစဉ်မှာ ပထမပိုင်း ဇွဲကပင်အသင်းက ကစားပုံပိုမို ကောင်းမွန်ခဲ့ပြီး ဒုတိယပိုင်းမှာတော့ အိမ်ရှင်အသင်းက ဖိအားပေးကစားနိုင်ခဲ့တာဖြစ်ပါတယ်။ ပထမပိုင်းပြီးဆုံးချိန်တွင် ရန်ကုန် ယူနိုက်တက် အသင်း နှင့် ဇွဲကပင် ယူနိုက်တက် အသင်းတို့ ဂိုးမရှိ သရေရလဒ် ထွက်ပေါ်နေပါတယ်။

ရန်ကုန်ယူနိုက်တက် အသင်းအတွက် ဦးဆောင်ဂိုးကို မောင်မောင်လွင် က သွင်းယူပေးခဲ့ပါတယ်။ရန်ကုန်အသင်း အမှတ်ပေးဇယားထိပ်ဆုံးနေရာ တည်မြဲစေမယ့် တစ်လုံးတည်းသော အနိုင်ဂိုးကို ၆၁ မိနစ်မှ ကွင်းလယ်လူ မောင်မောင်လွင်က ပြစ်ဒဏ်ဘောကနေတစ်ဆင့် တိုက်ရိုက်ကန်သွင်းယူပေးခဲ့ပါတယ်။

source:myanmar national league 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။