ထပ်ဆင့်အကယ်ဒမီ သရုပ်ဆောင် မင်းသမီးချောလေး ဝတ်မှုန်ရွှေရည် ပါဝင်သရုပ်ဆောင်ထားတဲ့ '' နှစ်ပါးသွား Update '' ဇာတ်ကားကြီးကတော့ လတ်တလောမှာ ပရိသတ်တွေရဲ့စိတ်ဝင်စားမှုအမြင့်ဆုံးရှိထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ ရွှေကစ်လေးက ပရိသတ်အချစ်တော် မင်းသားချောလေး နေတိုးနဲ့အတူ အတွဲညီညီ ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ အချစ်ဟာသဇာတ်မြူးကားလေးဖြစ်တာကြောင့် ပရိသတ်တွေအတွက် အပျင်းလည်းပြေသလို အူတက်အောင်လည်း ရယ်မောနေရမှာ ဖြစ်ပါတယ်။

မြင်နေကျ နှစ်ပါးသွားဇာတ်လမ်းတွေလို မဟုတ်တဲ့ ဒီဇာတ်ကားထဲမှာတော့ ရွှေကစ်လေးက မဟုတ်မခံ ခပ်စွာစွာ ကောင်မလေးတစ်ယောက်အဖြစ် ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ အနိုင်မခံ အရှုံးမပေးတတ်သူလေးမို့ မင်းသားနေတိုးကို နည်းလမ်းမျိုးစုံနဲ့ ဆေးထိုးကြမ်းထားပုံလေးကလည်း တကယ့်ကို ချစ်စရာကောင်းနေတာ ဖြစ်ပါတယ်။ ဖြူဂါဂါအဖြစ် နာမည်ပြောင်ရသွားတဲ့ ရွှေကစ်လေးရဲ့ သရုပ်ဆောင်ချက်တွေနဲ့အတူ ပရိသတ်တွေကတော့ မနားတမ်းရယ်မောနေရမှာပဲ ဖြစ်ပါတယ်။

လာမယ့် ဇူလိုင်လ(၁၈)ရက်နေ့မှာ ရုံတင်ပြသတော့မယ့် ဒီဇာတ်ကားလေးက နှစ်ပါးသွား Update ဆိုတဲ့အတိုင်း ရိုးရှင်းတဲ့အချစ်ဇာတ်လမ်းတွေကြည့်ရတာ ဒိတ်အောက်နေပါပြီဆိုတဲ့ ပရိသတ်တွေအတွက်တော့ တကယ့်ကို အံကိုက်ဖြစ်စေမှာပါ။ လူငယ်ပရိသတ်တွေအတွက်လည်း လုံးဝကိုလက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးဖြစ်တာကြာင့် ရုံတင်ပြီဆိုတာနဲ့ အပြေးလေးသွားကြည့်ကြဖို့ တိုက်တွန်းပေးချင်ပါတယ်နော်။ ကဲ ချစ်ပရိသတ်တွေအတွက် '' နှစ်ပါးသွား Update '' ဇာတ်ကားကြီးထဲက ရွှေကစ်ရဲ့အခွီပုံရိပ်လေးတွေကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: နှစ်ပါးသွား Update;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။