ပရိသတ်ကြီးရေ တေးသီချင်းလောကမှာ အောင်မြင်မှုတွေရရှိထားတဲ့ အဆိုတော်အေသင်ချိုဆွေကတော့ လူကြီးလူငယ်မရွေးကြိုက်နှစ်သက်ကြတဲ့ အဆိုရှင်တစ်ယောက်ပဲဖြစ်ပါတယ်။အေသင်ချိုဆွေသီဆိုခဲ့တဲ့သီချင်းဟောင်းလေးတွေဟာဆိုရင်လည်းယနေ့အချိန်ထိ ပရိသတ်တွေကြားမှာရေပန်းစားနေဆဲပဲဖြစ်ပါတယ်။အေသင်ချိုဆွေကတော့ ဘဝရဲ့အလှည့်အပြောင်းကြောင့် အနုပညာလောကထဲကနေ ခေတ္တကွယ်ပျောက်သွားခဲ့ပေမယ့် အခုချိန်မှာတော့ အနုပညာအလုပ်တွေကိုပြန်လည်လုပ်ဆောင်နေပါပြီနော်။

အေသင်ကတော့ သူမနဲ့တူတဲ့ ချစ်စရာသမီးလေးတစ်ယောက်ကိုမွေးဖွားထားပြီး single mother တစ်ယောက်အဖြစ်မားမားမတ်မတ်ရပ်တည်ကာ ပြုစုစောင့်ရှောက်ပေးနေတာပဲဖြစ်ပါတယ်။မေမေအေသင်ကတော့ သမီးလေးရဲ့အနာဂတ်တောက်ပဖို့အတွက်အလုပ်တွေကြိုးစားလုပ်ဆောင်နေတာကိုတွေ့ရတဲ့ ပရိသတ်ကြီးက အရင်ကထက်ပိုပြီးအားပေးချစ်ခင်လာကြပါတယ်နော်။

အခုဆိုရင်တော့ အရမ်းကားမောင်းချင်နေတဲ့ ဗီးဗီးလေးကို မေမေက"စိတ်ပူနဲ့နော် ဗီးဗီး အသက်၁၆နှစ်ပြည့်တာနဲ့ မေမေ ကားမောင်းသင်ပေးမယ်၊အခုတော့ မောင်းနဲ့ဦးမေမေ မောင်းမယ် ဗီးဗီးက ဘေးမှာလိုက်စီးဟုတ်ပြီလား...ပြောရဦးမယ် ဗီးဗီးကကျွန်မကိုတခါတလေ ဒီလို ခေါ်တယ် “Papa”အခုကတည်းက သူသိနေတယ် Papa လည်း မေမေ ပဲMommy လည်း မေမေပဲ ဆိုတာအရမ်းချစ်တယ် မေမေ့ ဘဝလေးရေ "ဆိုပြီး သမီးလေးက ပါပါးလို့ခေါ်တတ်ပုံလေးကို ပြောပြလာပါတယ်နော်။

Source:Athen Cho Swe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။