ပရိသတ်အချစ်တော်လေး ဧငြိမ်းဖြူ ကတော့ ရှေးခတ်အသံဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ကြပြီး အဆိုပါ ဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်ကောင်းမွန်လွန်းတာကြောင့် ချစ်ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုကိုရရှိနေသူတွေပဲဖြစ်ကြပါတယ်။ဧငြိမ်းဖြူလေးကတော့ မြန်မာဆန်တဲ့ အလှလေးတွေ ချစ်စရာကောင်းလွန်းတဲ့ မျက်နှာလေးတွေကြောင့်လဲ ပရိသတ်တွေရဲ့အသည်းစွဲ အားပေးမှုကိုရရှိနေပါတယ်။  

ဧငြိမ်းဖြူကတော့ ပရိသတ်တွေရဲ့ အသည်းကျော်အဆိုတော်ရဲရင့်အောင်နဲ့ ချစ်သူတွေဖြစ်ကြပြီးသူတို့နှစ်ယောက်ကတော့ ရွှေလက်တွဲပြီး ချစ်သူတွေဖြစ်လာကြတာ နှစ်နှစ် နီးပါးရှိလာကြပြီလဲဖြစ်ပါတယ်။ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူတို့ကတော့ လိုက်ဖက်တဲ့စုံတွဲလေးဖြစ်ကြပြီး ချစ်ပရိသတ်တွေလေးစားအားကျရတဲ့ ပရိသတ်အချစ်တော်စုံတွဲလေးပဲဖြစ်ကြပါတယ်။ 

ယနေ့မှာတော့ ဧငြိမ်းဖြူတစ်ယောက် အစိမ်းရောင်ဖက်ရှင်လေးနဲ့ ဆွဲဆောင်မှုရှိနေခဲ့ပြီး ညို့အားပြင်းတဲ့ အလှတရားနဲ့ ကျက်သရေရှိလှပနေခဲ့ပါတယ်။ သူမကတော့ " မိုးရွာရင်ဖြစ်ဖြစ် နေပူရင်ပဲဖြစ်ဖြစ် နင့်အတွက် အရိပ်ပေးနိုင်တဲ့ ထီးလေးဖြစ်ချင်တယ် "ဆိုပြီး ချစ်စရာကောင်းလွန်းတဲ့ပုံရိပ်လေးနဲ့အတူ ရေးသားထားခဲ့ပါတယ်။

source:ဧငြိမ်းဖြူ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။