Nasa အဖွဲ့ရဲ့ အာကာသလေယာဉ်မှူးမပါတဲ့ စူးစမ်းရေးယာဉ်ဟာ အာကာသထဲမှ ကမ္ဘာနဲ့ ၄ဘီလီယံဝေးတဲ့ နေရာမှာ ချိတ်ဆက်နိုင်ခဲ့ပါတယ်။ ဒါဟာ Ultima Thule ရဲ့ နေအဖွဲအစည်းနဲ့ အဝေးဆုံးကို ပို့ဆောင်ပေးနိုင်ခဲ့တဲ့ အကွာအဝေးပဲဖြစ်ကြောင်း New Horizons အဖွဲ့ကပြောကြားခဲ့ပြီး သူတို့က အဲ့ mission ရဲ့ အဓိကအဖွဲ့ဝင်ပဲဖြစ်ကာ အောင်ပွဲခံခဲ့ကြပါတယ်။ အဲ့ယာဉ်ပေါ်ကအချက်အလက်တွေဟာဆိုရင် လွန်ခဲ့တဲ့ ၁၃နှစ်က အချက်အလက်တွေပဲဖြစ်ပါတယ်။ 

အဲ့ကနေပို့လိုက်တဲ့ အချက်အလက်တွေဟာ ကမ္ဘာပေါ်ကိုရောက်ဖို့ ၆နာရီကြာပါတယ်။ Queen အဖွဲ့ရဲ့ Star ဖြစ်တဲ့ Brian May ဟာဆိုရင် အဲ့အသင်းနဲ့ ရူပနက္ခတ္တဗေဒ ပညာရပ်ကို Johns Hopkis တက္ကသိုလ်မှ အတူတူပညာသင်ခဲ့ဖူးပါတယ်။ သူဟာခုလိုအောင်မြင်မှုနဲ့ပတ်သက်ပြီး သီချင်းတစ်ပုဒ်ကို ရေးပေးခဲ့ပါတယ်။ အဲ့ယဉ်ကနေပို့လိုက်တဲ့ ရေဒီယို မက်ဆစ် တွေကိုMadrid မှာရှိတဲ့ အင်တာနက်မှဖမ်းယူနိုင်ခဲ့ပါပြီး ယဉ်ရဲ့ အချက်အလက်တွေကိုပဲ ပို့ပေးနိုင်ခဲ့ပါတယ်။ 

ဒါပေမဲ့ ပြတ်သားကြည်လင်တဲ့ပုံတွေကိုတော့ လာမဲ့ လတွေထဲမှာပို့ပေးနိုင်သွားမှာပဲဖြစ်ပါတယ်။ ခုစီမံကိန်းရဲ့ သိပ္ပံပညာရှင် Hal Weaver က " ကြည်လင်ပြတ်သားတဲ့ ပုံတွေပို့နိုင်အောင် ကြိုးစားမှုဟာ နီးစပ်လို့လာပြီပဲဖြစ်ပါတယ်......မြင်နိုင်တာတွေထက် ဝေးနိုင်သမျှပိုဝေးပြီး အခြေခံကျကျ ကျွန်တော်တို့ တွေးတော စဉ်းစားပါတယ်....ဒါဟာ အောင်မြင်မှုပါပဲ " ဟုပြောကြားခဲ့ပါတယ်။ 

Source : Mirror 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။