ကျွန်တော်တို့လူသားတွေဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ အထူးခြားဆုံးသမိုင်းဝင်နေရာတွေနဲ့ အဆောက်အအုံတွေအကုန်လုံးနဲ့ရင်နှီးပြီးသားဖြစ်မှာပါ။ ဒါပေမဲ့ တချို့အရာတွေကတော့ထူးခြားပြီး ဘယ်လိုတွေဆောက်သွားတာတို့ ဘာကြေင့်ဒီလိုဖြစ်နေတာလဲဆိုပြီ စဉ်းစားမရတဲ့အခိုက်တွေရှိပါတယ်။ လူသားမျိုးနွယ်တွေကလဲ အာ့တွေကိုအဖြေထုတ်စဉ်းစားဖို့ ရှာဖွေရေးတွေ စူးစမ်းမှုတွေ ယနေ့တိုင်လုပ်နေကြတုန်းပါ။ အတက်နိုင်ဆုံး လေ့လာတွေ့ရှိရသမျှကိုတော့ ပြန်လည်မျှဝေပေးလျက်ရှိပါတယ်။ 

The Great Sphinx of Giza ဆိုတဲ့ရုပ်ထုကြီးဟာ 1400 B.C. လောက်တုန်းက သဲနဲ့တည်ဆောက်ခဲ့ပြီး 1936 ရောက်မှအဲ့ရုပ်ထုကြီးကို တူးဖော်နိုင်ခဲ့ပါတယ်။ ၂၀၁၇ခုနှစ်မှာ သိပ္ပံပညာရှင်တွေဟာ အဆင့်မြင့်နည်းပညာတွေနဲ့ Pyramid ကြီးကို ရှာဖွေကြည့်ရာ အဆောက်အအုံရဲ့အခန်းတွေထဲမှာ ခြေလှမ်းပေါင်း၁၀၀ကိုတွေ့ရှိခဲ့ပါတယ်။ အာ့နဲ့သူတို့ဟာ စက်ရုပ်အသေးစားလေးတွေကို လွှတ်ဖို့အစီအစဉ်ချခဲ့ပြီး လွှတ်ခဲ့ပါတယ်။အဲ့နောက်ပိုင်းကိုတော့ လျှိဝှက်ချက်ထားခဲ့ပါတယ်။ Madrid မြို့မှာရှိတဲ့ The Fountain Of The Fallen Angel ရုပ်တုဟာဆိုရင် Lucifer နတ်ပြည်ကနေ နှင်ထုတ်ခံခဲ့ရတာကိုဖော်ပြတာဖြစ်ပြီး ပင်လယ်ရေမျက်နာထက် ၆၆၆ မီတာမှာတည်ရှိနေပါတယ်။ ၆၆၆ ဆိုတာ နတ်ဆိုးတွေရဲ့ ဂဏန်းတစ်လုံးဖြစ်ပါတယ်။  

1814 ခုနှစ်မှာ အိမ်ဖြူတော်ဟာ ဗြိတိသျှ စစ်သားတွေကြောင့်မီးလောင်ခံခဲ့ရပြီး ယခုချိန်ထိမီးလောင်နေတဲ့ နေရာတွေကို တွေ့ရှိနိုင်ပါသေးတယ်။ တရုတ်ပြည်ရဲ့ မဟာတံတိုင်ကြီးဟာဆိုရင် အနီးအနားက ရွာသားတွေလာပြီး အုတ်ခဲတွေကို အမြဲတစေ အလစ်သုတ်လေ့ရှိပါတယ်။ သူတို့ကအဲ့အုတ်ခဲကို အလစ်သုတ်ပြီ ပြန်ဆောက်ရင်ဆောက်မဆောက်ရင် ဒေါ်လာအနည်းငယ်နဲ့ ပြန်လည်ရောင်းလေ့ရှိပါတယ်။ ဧဝရက်တောင်ထိပ်မှာ 3G ရော 4G ရော ရရှိပါတယ်။ ကမ္ဘာပေါ်က အထင်ကရအဆောက်အအုံ နဲ့ နေရာတွေရုပ်တုတွေက ကမ္ဘားကြီးရဲ့ လျှို့ဝှက်ချက်တွေပါပဲ.....။ 

Source : Mirror 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။